News

POST TAGGED AS

မီးလောင်မှု

တပ်မတော်ပိုင်ယာဉ် မီးလောင်၍ ဝပ်ရှော့ခ်ပိုင်ရှင်ကို အမှုဖွင့်


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၆ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့၌ ဝပ်ရှော့ခ်တွင်ပြုပြင်ရန် အပ်နှံထားသည့် တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီး  ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်ခဲ့မှုကြောင့် ဝပ်ရှော့ခ်ပိုင်ရှင်ကို အမှုဖွင့်ထားကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ သိရသည်။ 

တာလေမြို့ အမှတ် (၃၁၆) ခြေမြန်တပ်ရင်းမှ ပြုပြင်ရန်အပ်နှံထားသည့် Myanmar Double Cab နှစ်ခန်းတွဲယာဉ်ကို ဝပ်ရှော့ခ်ပိုင်ရှင် အမျိုးသားက မောင်းနှင်ခဲ့စဉ် နားယောင်းကျေးရွာအနီးတွင် မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးမောင်မောင်ထက် ( ၃၇နှစ်) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

R-16




FOLLOW US