News

POST TAGGED AS

မီးရထား

ကျွမ်းကျင်သူတွေ ဒီလမ်းတစ်လျှောက် ရောက်ဖူးမရောက်ဖူးနဲ့ သူတို့ပြောတာတွေကို သက်ဆိုင်ရာအစိုးရနဲ့ ဒေသခံအာဏာပိုင်တွေက လက်ခံ မခံတော့ ကျွန်တော်လည်းမသိပါ။ သူတို့ပြောတာကို လက်မခံလို့ဘဲ နှစ် ၂၀ လောက်အတွင်း သဘာဝတောတွေ ပျက်သုဉ်းပြီး နေရာတကာ ရော်ဘာဖြစ်သွားတယ်ဆိုရင် မမှားလောက်ပါ။
လှလိုက်တဲ့မြင်ကွင်း။ မြင့်မားလှတဲ့ နောက်ခံတောင်တန်းတွေပေါ် မြူခိုးတွေ ဆိုင်းနေပါတယ်။ ကြယ်နီတံဆိပ်ပါတဲ့ ဗိမာန် ဝန်းကျင်မှာတော့ ရာနဲ့ချီရှိတဲ့ အုတ်ဂူငယ်လေးတွေ အစီအရီ။ ကန်ချနပူရီ၊ သံဖြူဇရပ်တို့မှာ မြင့်ခဲ့ဖူးတဲ့ မဟာမိတ်စစ်သချုင်္ိင်းနဲ့ တူနေသလိုလို။ ‘ဗိမာန်တံခါးဝတွင် သော့ချိတ်ထားသည်’ ဆိုတဲ့ စာတန်းကိုမြင်တော့ အထဲထိ ဝင်ကြည့်ချင်စိတ် ပေါ်လာပါတယ်။