News

POST TAGGED AS

မီးရထား

အိန္ဒိယတွင် ကျောင်းကားနှင့် ရထားတိုက်၊ ကလေးငယ် ၁၃ ဦး သေဆုံး


နယူးဒေလီ၊ ဧပြီ ၂၆

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ အူတာပရာဒေ့ရှ် ပြည်နယ်တွင် ကျောင်းကားနှင့် ရထားတိုက်မိပြီး ကလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့သည် ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါ ကျောင်းကားသည် ရထားလာနေသည်ကို သတိမမူပဲ ရထားအချက်ပြမရှိသည့် ရထားလမ်းကို ဖြတ်ကူးရာ ၎င်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခု မတော်တဆမှု မဖြစ်ခင်တွင်လည်း ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ်တွင် ကျောင်းကားတစ်စီး ချောက်ထဲ ပြုတ်ကျ၍ ကလေး ၂၄ ဦး သေဆုံးခဲ့သေးသည်။

အိန္ဒိယတွင် ယာဉ် မတော်တဆမှုများမှာ ဖြစ်လေ့ဖြစ်ထရှိပြီး အချို့ မတော်တဆမှုများမှာ ယာဉ်မောင်းပေါ့ ဆမှုကြောင့် လည်းကောင်း ဆိုးရွားသော လမ်းများနှင့် ယာဉ်များကြောင့်လည်းကောင်း ဖြစ်လေ့ရှိသည်။

ယခု မတော်တဆမှုသည် အူတာပရာဒေ့ရှ်ပြည်နယ် ကူရှီနာဂါးရ်အပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းကားပေါ်တွင် ကလေးမည်မျှ လိုက်ပါစီးနှင်းလာသည်ကို အတိအကျ မသိရသေးပေ။

ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ မတော်တဆမှုကို စစ်ဆေးရန် အမိန့်ပေးထားပြီး သေဆုံးခဲ့သော ကလေးများ၏ မိသားစုများကို လျော်ကြေးအနေဖြင့် ထောက်ပံ့ပေးသွားမည်ဟုလည်း ထုတ်ပြန် ပြောကြားခဲ့သည်။

F-06



FOLLOW US