News

POST TAGGED AS

မီးရထား

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအနေနှင့် ကနဦး ရထားအနောက်ခြမ်းရှိ တညင်းကုန်း-အင်းစိန်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလကုန်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ အူတာပရာဒေ့ရှ် ပြည်နယ်တွင် ကျောင်းကားနှင့် ရထားတိုက်မိပြီး ကလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့သည် ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံ၏ အများပိုင်မီးရထား ဆက်သွယ်ရေးလုပ်ငန်းက အမြောက်မြားဆုံး အလုပ်ခေါ်ယူမှုကြီး ပြုလုပ်ခဲ့ရာ ဌာနသို့ အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားလာသူ စုစုပေါင်း ၂၈ သန်းအထိရှိခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရာတွင် ကနဦး စလုပ်ကိုင်နေသည့် ရထား လမ်းအနောက်ခြမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဇွန်လတွင် ယာယီရပ်နားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံချေးငွေဖြင့် ဝယ်ယူထားသော ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေ မန်နေဂျာဦးမြင့်စိုးက ပြောကြားသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီအနေနှင့် စီမံကိန်းမြေနေရာ အသုံးပြုခအဖြစ် တစ်နှစ်လျှင် တစ်ဧကကို အမေရိကန်ဒေါ်လာ သုံးသန်းပေးရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို လုပ်ငန်းလုပ်ကိုင်ရန် တင်ဒါကုမ္ပဏီနှစ်ခု ရွေးချယ်ပြီးဖြစ်ရာ ကနဦး မြို့ပတ်အနောက်ခြမ်းကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် တင်ဒါအောင်မြင်သည့် A1 ကုမ္ပဏီက လုပ်ငန်း စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက်ရှိ အင်းစိန်ဘူတာအပါအဝင် ရထားလူကူးခုံးကျော်တံတား ၃၅ စင်းကို လာမည့် ဘဏ္ဍာနှစ်၌ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်ရှိ ကား-ရထားလမ်းကူးဂိတ် ၂၅ ခုတွင် ဂျပန်နည်းပညာဖြင့် အလိုအလျောက် အဖွင့်၊ အပိတ်စနစ် (Automatic Level Crossing) တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရန်ကုန်မြို့တော်အတွင်း မြို့ပတ်ရထားကို လပေးလက်မှတ် ဝယ်ယူစီးနင်းသူအရေအတွက်သည် ယခင်ဘဏ္ဍာနှစ်ကထက် နှစ်ဆခန့် တိုးလာခဲ့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။