News

POST TAGGED AS

မီးပုံး

ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာ သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ၁၀ ရက် ကြာကျင်းပခဲ့ရာ ဆုချီးမြှင့်ငွေများ အပါအဝင် ပွဲတော် ကျင်းပရေးစရိတ် ကျပ်သိန်း ၂၀ဝ၀ ခန့်ကုန်ကျကြောင်း အဆိုပါပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မီးပုံးပျံပွဲတွင် ယခင်နှစ်ကထက် ပြည်ပမှ ခရီးသွားဧည့်သည် လာရောက်မှု နည်းပါးသော်လည်း မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ပြည်တွင်း ခရီးသွားများကြောင့် ကွင်းအပြည့်နီးပါးအထိ များပြားလျက်ရှိကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၊ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၃၀ ရက် ည ၉ နာရီဝန်းကျင်က လွှတ်တင်လိုက်သည့် ညမီးကြီးတစ်လုံးမှာ ကွင်းအတွင်း ပျက်ကျခဲ့သောကြောင့် ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွား အများအပြား စိတ်ဝင်တစား လာရောက်ကြည့်ရှုသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ရာ ယခုနှစ်တွင် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးရေသည် ယမန်နှစ်ထက် အနည်းငယ် လျော့နည်းကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကာလ ရောက်ခါးနီပြီဆိုတာနဲ့ မီးထွန်းပွဲတော်ရဲ့ အငွေ့အသက်တွေဟာ မြို့ပြရော၊ ကျေးလက်ပါမကျန် ပျံ့နှံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေအိမ်ရှေ့တွေမှာ ချိတ်ဆွဲ ထွန်းညှိမယ့်သူတွေအတွက် အလှဆင်မီးပုံးတွေ၊ ကလေးသူငယ်တွေအတွက် တွန်းလှည်းမီးပုံးလေးတွေ စသည်ဖြင့် ရွေးချယ်စရာတွေ ပေါများလှပါတယ်။ မန္တလေးမြို့ပေါ်က ရောင်စုံမီးပုံးလေးတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။