News

POST TAGGED AS

မိုးကြိုးထိမှန်

ခမ်းပတ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး
ကလေး၊ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့တွင် ဇွန်လ ၉ ရက် နေ့နံနက် ၃ နာရီခန့်က မိုးကြိုးထိမှန်မှုကြောင့် အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ခမ်းပတ်မြို့နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းနေ့နံနက်က တိန်းကယားကျေးရွာနေ ဦးသိန်းမင်းစိုး (အသက်၂၅ နှစ်) နှင့် ဦးနေလင်းမောင် (အသက် ၃၅ နှစ်) တို့သည် ငါးဖမ်းရာမှ ရွာသို့လမ်းလျှောက်ပြန်လာစဉ် မိုးကြိုးထိမှန်၍ ဦးသိန်းမင်းစိုးသည် နေရာ၌သေဆုံးခဲ့ပြီး ဦးနေလင်းမောင်သည် ဝဲဘက်ခြေထောက် ထုံကျဉ်ဒဏ်ရာရရှိခဲ့ကြောင်း ခမ်းပတ်မြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခမ်းပတ်မြို့နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်၁/၂၀၁၈ ဖြင့် အမှုဖွင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှသိရသည်။

R-20




FOLLOW US