News

POST TAGGED AS

မိုးကြိုးထိမှန်

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ဂွေးကုန်းကျေးရွာအနီး လယ်ကွက်တစ်ခုတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စပါးစိုက်နေသူများထံသို့ မိုးကြိုးပစ်ချခံခဲ့ရသည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေး ရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာတွင် ဇူလိုင်လ ၄ ရက် ည ၇ နာရီခန့်က ဂျိုးဖြူသံပိုက်လုံးကို မိုးကြိုးပစ်ရာအနီးတွင် လမ်းလျှောက်နေသူ အသက် ၇ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်ဦး သံစထိမှန်ပြီး အသက် ၉ နှစ် အရွယ်ကလေး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့တွင် ဇွန်လ ၉ ရက် နေ့နံနက် ၃ နာရီခန့်က မိုးကြိုးထိမှန်မှုကြောင့် အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ခမ်းပတ်မြို့နယ်မြေရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရမှုကြောင့် နွား ၁၆ ကောင် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ကြောင်း အထက်ပြစ်ဆိုင် ကျေးရွာဒေသခံများက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မမအူပင်နှင့် လပွတ္တာမြို့နယ်များတွင် မေလ ၂ ရက်နေ့နှင့် မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရသဖြင့်​ အမျိုးသား ၃ ဦး ​သေဆုံးခဲ့​​ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်​။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ကျေးရွာချင်းဆက် လမ်းမပေါ်တွင် ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးသည် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲစခန်းထံမှ သိရသည်။