POST TAGGED AS

မိုးပြာ

တကယ်တော့ ဦးဉာဏဟာ ဓမ္မရေးရာမှာသာ နားမလည်တာ မဟုတ်ပါဘူး။ လောကရေးရာမှာလည်းပဲ နားမလည်ဘူး ဆိုတာ အထက်ပါပြောစကားနဲ့ ထင်ရှားနေပါတယ်။ အရင်ခေတ်ကနဲ့ လက်ရှိတချို့နိုင်ငံတွေမှာ သေစားသေစေ စတဲ့ပြစ်ဒဏ်တွေ အခုထိ ရှိသေးတယ်ဆိုတာ သူမသိလို့ အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။ သေစားသေစေ မဟုတ်ရင်တောင် အချုပ်အနှောင်ခံရခြင်း စတဲ့ပြစ်ဒဏ်တွေကိုတော့ ကျခံရသေးတာပါပဲ။ ဒါဟာ မကောင်းတာ လုပ်လို့ လက်ရှိဘဝမှာလည်းပဲ မကောင်းတာ ပြန်ခံရတဲ့ သာဓကပဲ ဖြစ်ပါတော့တယ်။
14-Dec-2016 tagged as မိုးပြာ
မြန်မာ့အလင်းသတင်းစာ (၃-၁၂-၂၀၁၆ ရက် စနေနေ့ ထုတ်) မှာ ဦးနေ၀င်းဆိုသူက မိုးပြာဦးညာဏရဲ့ ပစ္စုပ္ဗန်ကမ္မ၀ါဒ အယူဝါဒရေးရာဆိုင်ရာ စာအုပ်စာတမ်း အသံသွင်းခွေများ ထုတ်ဝေမယ်၊ ကန့်ကွက်နိုင်တယ်ဆိုပြီးတော့ ကြေငြာခဲ့တယ်။ ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး)က ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တယ်။ လွှတ်တော်မှာ သာသနာရေးဝန်ကြီး ကိုယ်တိုင်ကလည်း မိုးပြာဦးညာဏကို တရားစွဲမယ်လို့ သတင်းထောက်တွေကို ထုတ်ပြောခဲ့တယ်။ ဒီအခါမှာ လစ်ဘရယ်သမားလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူအချို့နဲ့ မိုးပြာဂိုဏ်းသားများက ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ ပြောရေးဆိုခွင့်မရှိဘူးလို့ အသံထွက်လာကြတယ်။ ဒါကြောင့် မိုးပြာဦးညာဏနဲ့ သူ့အယူဝါဒနဲ့ပတ်သက်ပြီး ပြောပြချင်တာလေးတွေ ရှိလာတယ်