News

POST TAGGED AS

မိုးလေဝသ

01-Jan-2017 tagged as မိုးလေဝသ
လက်ရှိဆောင်းရာသီသည် ပုံမှန်ထက် အအေးပေါ့နေပြီး လက်ကျန်ဆောင်းရာသီကာလ ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင်လည်း အအေးမပိုနိုင်ဘဲ အချိန်အခါမဟုတ် မိုးများရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
30-Dec-2016 tagged as မိုးလေဝသ
တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ဖွန်းမုန်တိုင်း အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
24-Dec-2016 tagged as မိုးလေဝသ
ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ မြောက်ဝင်ရိုးစွန်းဒေသရဲ့ အပူချိန်ဟာ ပျှမ်းမျှအပူချိန်ထက် ၂၀ ဒီဂရီ ပိုမိုမြင့်မားပြီး စံချိန်တင် မြင့်တက်ဖွယ် ရှိနေပါတယ်။
17-Dec-2016 tagged as မိုးလေဝသ
လေဖိအားများရပ်ဝန်း အားကောင်းနေမှုကြောင့် ကုန်းမြင့်တောင်တန်း ဒေသများတွင် အအေးဓာတ် ဆက်လက်ပိုနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
31-Oct-2016 tagged as မိုးလေဝသ
မြန်မာနိုင်ငံပေါ်သို့ မုန်တိုင်း အကြွင်းအကျန် တိမ်စွယ်၊ တိမ်တိုက်များနှင့် လေ ပွေလှိုင်းတို့ ဖြတ်သန်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသ အချို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
19-Oct-2016 tagged as မိုးလေဝသ
“အားကောင်းလာနိုင်ခြေများတယ်။ ဒါကြောင့် ရေကြောင်း၊ လေကြောင်း ခရီးသွားလာမှုတွေမှာလည်း မိုးလေဝသ အခြေအနေ၊ သတင်း၊ သတိပေးချက်တွေကို ကြိုတင်ဂရုပြုသင့်တယ်”
ကချင်ပြည်နယ် မိုးညှင်းမြို့အနီးဗဟိုပြု၍ ယနေ့(အောက်တိုဘာ ၁၂ရက်) နံနက် ၀၀နာရီ ၁၀ မိနစ်ဝန်းကျင်က အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်
10-Oct-2016 tagged as မိုးလေဝသ
ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်နေပြီး လေထု မငြိမ်မသက်မှုများကြောင့် ရခိုင်ပြည်နယ်နှင့် ဒေသအချို့တွင် မိုးအားပိုနေမည်ဖြစ်ကြောင်း မိုးလေဝပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ထိုင်ဝမ်ကျွန်းသို့ ၀င်ရောက် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း MEGI ၏ အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများနှင့် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်