News

POST TAGGED AS

မိုးလေဝသ

08-May-2017 tagged as မိုးလေဝသ
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ လာမည့် သီတင်းပတ်အတွင်း မုတ်သုံလေ စတင် ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး မုတ်သုံလေ မဝင်ရောက်မီနှင့် စတင် ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးသက်လေပြင်း အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
04-May-2017 tagged as မိုးလေဝသ
မိုးကြိုကာလအတွင်း နေ့အပူချိန်များ မြင့်တက်နေသည့်အပြင် လေထုအတွင်း ရေငွေ့များ ရောနှောနေသည့်အတွက် ရန်ကုန်နှင့် မြို့ကြီးများတွင် ယခုသီတင်းပတ်အတွင်း အပူဒဏ်အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
01-May-2017 tagged as မိုးလေဝသ
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် နောက်သုံးရက်အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
26-Apr-2017 tagged as မိုးလေဝသ
လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးကောင်းနေရာ ဧရာဝတီမြစ်ရေသည် ဧပြီလ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ၇ ပေခန့် မြင့်တက်ခဲ့ပြီး မြို့ကြီးများတွင် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။
25-Apr-2017 tagged as မိုးလေဝသ
“မုန်တိုင်းရာသီဆိုတော့ မေလမှာ အနည်းဆုံး တစ်လုံးလောက်တော့ ဖြစ်တတ်ပါတယ်”
24-Apr-2017 tagged as မိုးလေဝသ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းမြို့တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်၍ နေအိမ် ၆၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
20-Apr-2017 tagged as မိုးလေဝသ
အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ (ဧပြီလ ၂၀ ရက်) နေ့မှ ဧပြီလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ “အနောက်လေပွေလှိုင်း အားကောင်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးရနိုင်တယ်” ဟု ၎င်းက ဆိုသည်။
19-Apr-2017 tagged as မိုးလေဝသ
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများအပေါ်သို့ လေဖိအားနည်းချိုင့်ဝှမ်း (မိုးတိမ်တိုက်) တစ်ခု ဖြတ်သန်းနိုင်သည့်အတွက် ယနေ့ (ဧပြီလ ၁၉ ရက်)မှစ၍ နောက် ၃၆ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
16-Apr-2017 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း 'မာရသာ'(Maarutha) သည် နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံကမ်းခြေ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
13-Apr-2017 tagged as မိုးလေဝသ
ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းသို့ ရွေ့လျားလာနိုင်သည့်အရှိန်ကြောင့် လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း (ရန်ကုန်တိုင်းဒေသကြီး)၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းကုန်းမြေမြင့်နှင့် အလယ်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုး(သင်္ကြန်မိုး) ရွာနိုင်