News

POST TAGGED AS

မိုးလေဝသ

07-Jun-2018 tagged as မိုးလေဝသ
မုတ်သုံလေ အားကောင်းနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။
ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်လျက်ရှိသည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
27-May-2018 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ (မေလ ၂၇ ရက်) မှစ၍ နောက်နှစ်ရက်အတွင်း ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
29-Apr-2018 tagged as မိုးလေဝသ
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၆ ရက်နေ့ခန့်တွင် အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး မုတ်သုံလေ မဝင်ရောက်မီနှင့် စတင်ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၌ ယခုနှစ်ဆန်းပိုင်းအတွင်း ငလျင် ၅၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။
12-Mar-2018 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်း တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
28-Feb-2018 tagged as မိုးလေဝသ
လာမည့်သီတင်းပတ်အတွင်း မြန်မာ နိုင်ငံတောင်ပိုင်းဒေသများအပါအဝင် ဒေသအချို့၌ နေ့အပူချိန်များသည် လက်ရှိထက်ပို၍တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မြေပြင်မိုးလေဝသ တိုင်းထွာရေးစခန်း ၄၀ ကို ကိုရီးယားနိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်လျက်ရှိရာ လက်ရှိတွင် ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထံမှ သိရသည်။
လေထုမငြိမ်မသက်မှုများကြောင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ဒေသအချို့တွင် ဆောင်းလေအားကောင်းလာနိုင်သည့်အတွက် လေပြင်းအန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။