News

POST TAGGED AS

မိုးကုတ်

11-Jun-2018

မြေပြို မကွေး
အမ်း-မင်းဘူး ကားလမ်းတွင် မြေပြို၍ ကားများပိတ်ဆို့
စစ်တွေ၊ ဇွန် ၁၀
 
မကွေးတိုင်း မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအနီး အမ်း-မင်းဘူး ကားလမ်းတွင် ဇွန်လ ၁၀ ရက်က မြေပြိုမှုဖြစ်ကာ ရေ ၃ ပေခန့်တက်ပြီး ကားလမ်းများ ပိတ်ဆို့နေကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောကြားသည်။ 

“အခုရေကြီးတဲ့နေရာက အရင်နှစ်က ရေကြီးခဲ့တဲ့နေရာတွေမှာ ဖြစ်နေတယ်။ အခုတော့ ကားတွေကို ရပ်ထားတယ်၊ မိုးရပ်သွားရင်တော့ သွားနိုင်မယ်ထင်တယ်”ဟု ၎င်းက ရှင်းပြသည်။ 

ကားလမ်းပေါ်၌ ရေကျော်နေခြင်းကြောင့် ရန်ကုန်-စစ်တွေ ခရီးသည်ယာဉ်၊ စစ်တွေ-မန္တလေး ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ ပိတ်ဆို့နေသည်။ 

အလားတူ အမ်းမြို့ ဆင်ခုံတိုင် ကျေးရွာအနီး အမ်း-မင်းဘူးကားလမ်းတွင် ဇွန်လ ၁၀ ရက် နံနက် ၂ နာရီမှ နံနက် ၁၀ နာရီကျော်အထိ မြေပြိုကျပြီး ရေများမြင့်တက်ခဲ့ရာ ကားအစီး ၁၀၀ ကျော် ပိတ်ဆို့နေကြောင်း၊ အလားတူ အမ်းမြို့နယ်နှင့် မအီမြို့ကြားရှိ အမ်း-မအီ ကားလမ်း မိုင်တိုင်အမှတ် ၂၂/ ၆ ဖာလုံ အနီးတွင်လည်း မြေများပြိုကာ ကားလမ်းပိတ်ဆို့ခဲ့ကြောင်း၊ ယင်းလမ်းပိုင်းတွင် ကတ္တရာမခင်းထားသော နေရာများတွင် လမ်းသားများ ပဲ့ကျမှုများဖြစ်ပေါ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးထွန်းကြွေက ပြောကြားသည်။ 

အမ်း-မင်းဘူးကားလမ်းပိုင်းတွင် ၈ နာရီကြာ ပိတ်ဆို့ပြီးနောက် နံနက် ၁၁ နာရီခန့်၌ မော်တော်ယာဉ်များ ပြန်လည်သွားလာ၍ ရသော်လည်း ညနေ ၃ နာရီတွင် ကားလမ်းပေါ် ရေပြန်တက်ကာ လမ်းပိတ်ဆို့နေကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

အမ်း-မအီကြား ကားလမ်း၌ လက်ရှိတွင် မပြိုပျက်ဘဲ ကျန်ခဲ့သော ကားလမ်းတစ်ခြမ်းပေါ်တွင် ယာဉ်ငယ်များ သွားလာနေပြီဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ဆိုသည်။ 

R-22



FOLLOW US