News

POST TAGGED AS

မိန့်ခွန်း

ဗိုလ်ချုပ် ဈာပနအခမ်းအနားမှ ပစ္စည်းများ အများပြည်သူသို့ ပြမည်

ရန်ကုန်၊ ဇူလိုင် ၁၇

ဗိုလ်ချုပ်အောင်ဆန်း ဆုံးပါးစဉ်က ဗိုလ်ချုပ်ရုပ်ကလာပ်ပြင်ဆင်ခဲ့သည့် ခုတင်နှင့်ခေါင်းတလားကို ဖျက်ထားသည့်မှန်ချပ်များကို ပြည်သူများ လေ့လာနိုင်ရန် တွံတေးမြို့ မငေး၊ အလယ်ရွာရှိ သာသနာ့ဝေပုလ္လကျောင်း၌ အာဇာနည်နေ့တစ်နေ့လုံး ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

“အာဇာနည်နေ့မှာ မနက်ကနေ ညအထိ မည်သူမဆို ဝင်ကြည့်နိုင်အောင် ဖွင့်လှစ်ထားပါတယ်။ ဒီကျောင်းတော်ကြီးကို ရှေးဟောင်းသမိုင်းဝင်ပြခန်းအဖြစ် အများပြည်သူကြည့်ရှုဖို့လည်း ဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆိုသည်။

ပုံမှန်အချိန်များတွင် ပြည်သူများ ကြည့်ရှုလိုပါက ကျောင်းထိုင်ဆရာတော်ကြီးထံ ခွင့်တောင်းကာ ကြည့်ရှုနိုင်ပြီး အာဇာနည်နေ့တွင် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ကျောင်းမှာ မင်းတုန်းမင်း တရားလက်ထက်ကတည်းကရှိခဲ့သော ရှေးဟောင်းကျောင်းတော်ကြီးဖြစ်ပြီး မီးဖွင့်စရာမလိုဘဲ သဘာဝအလင်းရောင် ရရှိကြောင်း၊ ယင်းကျောင်းတွင် ရှေးဟောင်းနာရီများ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် ပန်းကန်တစ်ရာကျော်၊ နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ်သက်တမ်းရှိသည့် ကျွန်းတိုင်လုံးများ၊ ကြေးဖောင်းကြွ ဗိုလ်ချုပ်အောင်ဆန်းပန်းချီကားနှင့် ဂျူဗလီဟောတွင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ ခေါင်းတလားများထားရှိသည့် ရှားပါးဓာတ်ပုံများလည်း ရှိသည်။

J-10



FOLLOW US