News

POST TAGGED AS

မိတ္ထီလာ

မတ္တရာမြို့နယ်တရားရုံး၏ တရားခွင်၌ မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်မှုဖြင့် မိတ္ထီလာတရားရုံးတွင် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ရုံးပြောင်းပေးရန် ထပ်မံလျှောက်ထားမည်ဖြစ်ကြောင်း ပြောကြားသည်။
မိတ္ထီလာမြို့မ ဈေးပတ်လမ်း တစ်လျှောက်ရှိ ပျံကျဈေးသည်အချို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီစဉ်ပေးသည့် ယာယီဈေးသို့ မပြောင်းလိုသည့်အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ကစ၍ ကန့်ကွက်ခဲ့ကြ သည်။
မိတ္ထီလာ ဒီဇင်ဘာ ၂၉ နေပြည်တော် လွှတ်တော်အဆောက်အုံကို ဒရုန်းအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် တူရကီအခြေစိုက် TRT သတင်းဌာနအတွက် စကားပြန် ပြုလုပ်ပေးသော သတင်းထောက် ဦးအောင်နိုင်စိုးအပါအဝင် လေးဦးတို့ ယနေ့ ( ဒီဇင်ဘာ ၂၉ ) မနက်အစောပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (ရမည်းသင်း) မှ စုံစမ်းသိရှိရသည်။
မတ္တရာမြို့နယ် တရားရုံးတွင် မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်မှုဖြင့် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် မိတ္ထီလာမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့သည်။
မတ္တရာမြို့နယ် တရားရုံးတွင် တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်မှုဖြင့် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို မိတ္ထီလာမြို့နယ်တရားရုံးသို့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီက ရုံးထုတ်ခဲ့သည်။
မိတ္ထီလာ မြို့မဈေးပတ်လမ်းမှ ပျံကျဈေးသည်များ ယာယီဈေးနေရာသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ဈေးသည် ၉၃၅ ဦးကို မဲစနစ်ဖြင့် နေရာချထားပေးခဲ့ကြောင်း ယင်းဈေးသူဈေးသားများထံမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် Sembcorp ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော မြင်းခြံ Gas Turbine နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကို ဇန်နဝါရီလဆန်းပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ရာ မဟာဓာတ်အားလိုင်းသို့ ၁၅၀ မဂ္ဂါဝပ်ခန့် ပေးပို့နိုင်မည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ပြောကြားသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁ နာရီခန့်က ဆိုင်အတွင်း စားသောက်နေသူ အသက်၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပြင်ပမှ ရောက်ရှိလာသူ အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်တက်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပုပ္ပါးတောင်ချစ်သူအသင်းက အမှိုက်ကောက်မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မဈေးပတ်လမ်းတွင် လမ်းပိတ်ဆို့ ဈေးရောင်းနေသူများကို စည်ပင်သာယာက ဖယ်ရှားနေစဉ် ယင်းကိစ္စကို မကျေနပ်သော ဈေးသည်အမျိုးသမီးက စည်ပင်ဝန်ထမ်း အမျိုးသား၏ ဦးခေါင်းကို တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ယင်းမြို့မဈေး၊ ဈေးခေါင်းကြီးရုံးမှ သိရသည်။