News

POST TAGGED AS

မိတ္ထီလာ

မိတ္ထီလာမြို့နယ် ကျီတော်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ရှိ ကျောက်စည်ပိုင်းအတွင်းသို့ အသက်တစ်နှစ်ခုနစ်လအရွယ် ကလေးငယ်တစ်ဦး မတ်လ ၁၇ ရက်နေ့က ပြုတ်ကျသေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။
15-Mar-2018 tagged as ဈေး မိတ္ထီလာ
မိတ္ထီလာမြို့ရှိ ပေါက်ချောင်းပျံကျဈေးကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန် စည်ပင်သာယာရေးအဖွဲနှင့် ဈေးသည်များ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
မိတ္ထီလာမြို့၌ ဂေါပကနှင့်အုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းမရှိသည့် အဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာကိစ္စများ မပြုလုပ်ရန် မြို့နယ်အာဏာပိုင်အဖွဲ့က ဒေသန္တရအမိန့်ထုတ်ကာ တားမြစ် လိုက်သည်။
07-Mar-2018 tagged as မိတ္ထီလာ
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ချေးငွေ ကျပ် ၁ ဒသမ ၆ ဘီလီယံဖြင့် ဆောင်ရွက်မည့် မိတ္ထလာမြို့ သောက်သုံးရေ တိုးချဲ့ဖြန့်ဝေရေး စီမံကိန်း မတ်လ ၇ ရက်နေ့ကစ၍ ကွင်းဆင်း လုပ်ကိုင်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
မလှိုင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ ယခုလကုန်ပိုင်းတွင် လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။
မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် 3D အသုံးချ မြေပုံထုတ်လုပ်ရေး လုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(မိတ္ထီလာ) မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှူး ပါမောက္ခ ဒေါက်တာသဲမောင်မောင်က ပြောကြားသည်။
03-Mar-2018 tagged as မိတ္ထီလာ
မိတ္ထီလာမြို့နယ် ခြေလျင်နှင့်တောင် တက်အဖွဲ့သည် မတ်လ ၄ ရက် (ယနေ့) တွင် အမြင့်ပေ ၄၉၈၁ ရှိသော ပုပ္ပား တောင်မကြီးပေါ် တက်ရောက်မည်ဖြစ် ကြောင်း မိတ္ထီလာခြေလျင်နှင့်တောင်တက် အဖွဲ့ အလုပ်အမှုဆောင် ဦးအောင်ကြိုင်က ပြောကြားသည်။
လာမည့်ဧပြီလမှစတင်ကာ ကနဦးပေးသွင်းရမည့်အခွန် ၁၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟူသော သတင်းကြောင့် မိတ္ထီလာကားဈေးကွက်အတွင်း တန်ဖိုးမြင့်ကားများ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ကျပ်သိန်းတစ်ရာဝန်းကျင်ရှိ ကားများသာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မိတ္ထီလာမြို့ခံ ကားဝယ်ရောင်းသမားများထံမှ သိရှိရသည်။
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်ဈေး ရုတ်တရက် ကျဆင်းသွားသောကြောင့် လက်ကားဖြန့်ချိရေးဆိုင်များအနေနှင့် အရောင်းအဝယ် ရပ်ဆိုင်းထားရကြောင်း ဒေသခံကြက်သွန်ပွဲရုံများထံမှ သိရသည်။
လူမိုက်ဖြစ်ကြောင်းပြောသူတစ်ဦး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညက အရက်ဆိုင်တွင် ကတ်ကြေးနှင့်အထိုးခံခဲ့ရကြောင်း မိတ္ထီလာဈေးအရှေ့ပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။