News

POST TAGGED AS

မိတ္ထီလာ

မိတ္ထီလာမြို့နယ် မုန်တိုင်ဆည်တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရေထုတ်ပြွန်အတွင်း၌ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့ခံ ရန်အောင်မြင်နာရေးကူညီမှုအသင်းထံမှ သိရသည်။
မိတ္ထီလာမြို့နယ် အောင်ဆန်းမြို့သစ်ရပ်၌ ငါးရက်တစ်ကြိမ်ပြုလုပ်သော နွားပွဲဈေးသို့ ဆိတ်အဝင်များသော်လည်း ဈေးတက်နေကြောင်း မွေးမြူရေးသမားများ၊ အသားလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့နယ် မဟာစည် တိုးချဲ့ရပ်ကွက်တွင်နေထိုင်သော အိမ်ထောင်ရှင် အမျိုးသားတစ်ဦးကို မိတ္ထီလာ စက်မှုဇုန်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။
မိတ္ထီလာမြို့ မြို့မ (၄) နယ်မြေ မင်းရပ်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် ပန်းရန်လုပ်သားတစ်ဦး ဇူလိုင်လ ၁၆ ရက်နေ့က ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရပ်ကွက်ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့နယ် ညောင်ကိုင်း စံပြကျေးရွာရှိ အထက ကျောင်းတွင် ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းက ဆဋ္ဌမတန်းကျောင်းသူတစ်ဦးသည် ကျောင်းရှိမုန့်ဆိုင်တွင် အကင်စားမိရာမှ အစာဆိပ်သင့်သကဲ့သို့ဖြစ်ကာ သတိလစ်သွား၍ ဆေးရုံတင်ပို့လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
မိတ္ထီလာကုန်စည်ဈေးကွက်အတွင်းသို့ ဇူလိုင်လဆန်းပိုင်းကစတင် ဝင်ရောက်လာသော ဒေသထွက် ပဲတီစိမ်းအသစ်များ ယခင်နှစ် အဖွင့်ဈေးထက် ဈေးပိုရကြောင်း ဒေသခံပွဲရုံများနှင့် ပဲကုန်သည်များက ပြောကြားသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်ရှိ အနှိပ်ခန်းများကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမင်းမြတ်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ထိုရွာရှိ ဗလီတွင် ဝတ်ပြုခြင်းကို ဒေသအာဏာပိုင်အဖွဲ့အစည်းက လာရောက်တားမြစ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် ဖွင့်ထားသော အနှိပ်ခန်းများကို ဇွန် ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့၏ အဓိက ရေဆိုးထုတ်မြောင်းဖြစ်သော စည်သူမြောင်း ပြန်လည်ဆယ်ယူထားပြီးဖြစ်ရာ အဆိုပါမြောင်းတစ်လျှောက်ရှိ ရပ်ကွက်များတွင် နေထိုင်သူများအနေနှင့် မြောင်းအတွင်း မိလ္လာပိုက်များ မထည့်စေရေးနှင့် အညစ်အကြေးနှင့် အမှိုက်များ မစွန့်ပစ်ရန်တားမြစ်ထားကြောင်း မြို့နယ်စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။