News

POST TAGGED AS

မိတ္ထီလာ

18-Feb-2018

ဈေး မိတ္ထီလာ
မိတ္ထီလာ ပေါက်ချောင်းဈေး ကျပ်သိန်း ၅၀၀ နီးပါး အသုံးပြု၍ အဆင့်မြှင့်မည်


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၇

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ ဈေးကို ကျပ်သိန်း ၄၉၀ ကျော်ဖြင့် မတ်လတွင် အဆင့်မြှင့်တင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။

အဆိုပါ ပေါက်ချောင်းဈေးကို စည်ပင်သာယာရေး ဖြည့်စွက်ရန်ပုံငွေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ပေးမည်ဟု ၎င်းက ပြောဆိုသည်။ 

“လက်ရှိ ဈေးရုံဟောင်းထဲမှာ အနိမ့်အမြင့်မညီတာတွေကို ညှိပြီးတော့ ဈေးရုံ အဆောက်အအုံ အသေးသုံးရုံကိုဖယ်ပြီးတော့ အဲဒီနေရာမှာ Hall Type အဆောက်အအုံ ဆောက်ပေးမယ်။ ပေါက်ချောင်းဈေးမှာ အမြဲရောင်းတဲ့ဈေးသည် ၂၈၀ ကို နေရာပြန်ချပေးမယ်”ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးတာဝန်ခံ ဦးအောင်ကြိုင်က ဖြည့်စွက်ပြောကြားသည်။ 

ပေါက်ချောင်းဈေးပတ်လမ်းသည် တြိဂံပုံသဏ္ဌာန်ရှိပြီး ဈေးပတ်လမ်းဧရိယာအတွင်း မြန်မာ့စီးပွားရေးဘဏ်ရှိနေကြောင်း၊ ဈေးတောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက် ပတ်လမ်းများကိုလည်း ရှစ်လက်မထုရှိမည့် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်ပေးရန် ခွင့်ပြုချက်ကျပြီးဖြစ်ကြောင်း၊ ခွင့်ပြုငွေပမာဏကိုမူ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ လျှောက်ထားဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

မိတ္ထီလာပေါက်ချောင်းဈေးကို မြို့အနောက်ဘက်ပိုင်းရှိ ရပ်ကွက်ဒေသခံများက အဓိက ဝယ်ယူလေ့ရှိကြောင်း၊ မိတ္ထီလာမြို့မဈေးပြီးလျှင် ပေါက်ချောင်းဈေးသည် လက်လီရောင်းဝယ်မှု အများဆုံးဈေးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

R-01




FOLLOW US