News

POST TAGGED AS

မိတ္ထီလာ

ရခိုင်တွင် ဈေးသစ် ၅ ဈေး တည်ဆောက်မည့် စီမံကိန်းကို ဖျက်သိမ်း
စစ်တွေ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်ရှိ အသစ်တည်ဆောက်မည့် အဆင့်မြင့်ဈေး ၅ ဈေး စီမံကိန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖျက်သိမ်းပြီး ဘတ်ဂျက်ငွေများကို မြို့နယ်များသို့ ခွဲဝေပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆင့်မြင့် ဈေးသစ်များကို စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များ၌ ၂၀၁၇ - ၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ကျပ် ၂ ဒသမ ၅ ဘီလီယံဖြင့် ပြည်နယ်အစိုးရက တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ယင်းစီမံကိန်းကို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခဲ့သဖြင့် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းညှိနှိုင်းကာ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် မြို့နယ် ၁၇ မြို့နယ်ကို ဒေသဖွံ့ဖြိုးရေးအတွက်သုံးရန် ခွဲဝေပေးခဲ့ကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

ဈေးသစ်များ တည်ဆောက်ရန် အစီအစဉ်ကို ယခင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် စီစဉ်ခဲ့ပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် ဆောင်ရွက်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကန့်ကွက်ခဲ့သည်။

R-22



FOLLOW US