POST TAGGED AS

မိတ္ထီလာ

မူဆယ်မြို့ပေါ်တွင် သွားလာနေသူများကို ပုဆိန်နှင့်လိုက်ခုတ်နေသူ ဖမ်းမိ
မူဆယ်၊ ဖေဖေါ်ဝါရီ ၉ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ြမို့ပေါ်တွင် သွားလာနေသူများနှင့် ဈေးဝယ်နေသူများကို ပုဆိန်ပုံစံလက် နက်ဖြင့် လိုက်ခုတ်နေသူတစ်ဦးကို ဖမ်းဆီးရမိပြီဟု ရဲတပ်ဖွဲ့ထံမှ သိရပါသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီလောက်က မူဆယ်မြို့မဈေးအနီး နာရီစင်နားက လမ်းပေါ်မှာ ဖမ်းဆီးရမိလိုက်တာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၅ ရက် ၆ ရက်နေ့တွေက လူစည်ကားတဲ့ မူဆယ်ဈေးကြီးနား၊ ဗိုလ်တည်းကုန်းအဆင်း၊ ခရာစ်ယန်ရပ်ကွက်လမ်းပေါ်မှာ ဈေးဝယ်လာသူကို ဆိုင်ကယ်နဲ့ နောက်ကလိုက်ပြီး လက်လုပ်ပုဆိန်လိုလက်နက်နဲ့ နောက်ကျောကိုပေါက်ခဲ့တာ”ဟု မူဆယ်မြို့မရဲကင်းမှူး ရဲအုပ်ကျော်မိုးက ပြောဆိုသည်။

အဆိုပါ လက်လုပ် ပုဆိန်ပုံစံလက်နက်ဖြင့် လမ်းလျှောက် ဈေးဝယ်နေသူ၏ နောက်ကျောကို ဆိုင်ကယ်ပေါ်မှနေ၍ ပစ်ပေါက်သွားခြင်းဖြစ်ပြီး ပစ္စည်းလု၊ ငွေကြေးလုခြင်းမဟုတ်ဘဲ အကြောင်းမဲ့လုပ်တာမျိုးဖြစ်သည်ဟု ရဲအုပ်ကျော်မိုးက ရှင်းပြသည်။

CCTV မှတ်တမ်းများအရ မူဆယ်မြို့တွင် ဖေဖေါ်ဝါရီလ ၅ ရက် ၆ ရက်နေ့များက လမ်းပေါ် ဈေးဝယ်နေသူကို ပုဆိန်ပုံစံလက်နက်ဖြင့် ပစ်ပေါက်သွားသူကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံက သိရသည်။

မူဆယ်မြို့ပေါ်တွင် လမ်းလျှောက်သွားလာနေသူများကို ပုဆိန်ပုံစံလက်နက်ဖြင့် ပစ်ပေါက်ခဲ့သူမှာ ကျော်လင်း (ခ) ကျော်သန်းဦး (၂၈) နှစ် အဘအိုက်အေး မူဆယ်မြို့နေသူဖြစ်ကြောင်း ရဲစခန်းထံမှသိရသည်။

R-07



FOLLOW US