News

POST TAGGED AS

မိတ္ထီလာ

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူများ ပြန်လက်ခံရေး ကျပ် နှစ်ဘီလီယံကျော်သုံးမည်
နေပြည်တော်၊ စက်တင်ဘာ၂၇

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများ ပြန်လက်ခံရေး အစိုးရက ကျပ် နှစ်ဘီလီယံကျော် သုံးစွဲမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနရုံးခန်းတွင် ယနေ့(စက်တင်ဘာ ၂၇ ရက်)က ပြုလုပ်သော တတိယအကြိမ်မြောက် ရခိုင်ပြည်နယ် အကြံပြုချက်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဒုက္ခသည်တွေကို ဆောလျင်စွာ လက်မခံသင့်ပါဘူး။ ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားတွေအတွက် အနည်းဆုံး ၁ ဘီလီယံ သုံးသင့်တယ်။ အခုတော့ လုံခြုံပြီဆိုပြီး ပြန်ပို့နေတာ တွေ့ရတယ်။ တစ်ဖက်နိုင်ငံက လမ်းဘေးပျံကျတွေလည်း ရခိုင်က လာတာပါလို့ လုပ်ကြံပြောဆိုနေတာ သိရပါတယ်”ဟု ပြောကြားသည်။

ပြန်လည် လက်ခံရာတွင် ကုန်းလမ်းမှ ပြန်လာသူများကို တောင်ပြိုလက်ဝဲစခန်းနှင့် ရေလမ်းမှ ပြန်လည်သူများကို ငါးခူရစခန်းတွင် ၁၉၉၃ ခုနှစ် မူဝါဒနှင့်အညီ ပြန်လည် လက်ခံမည်ဖြစ်ပြီး ဒါကြီးစားကျေးရွာတွင် ယာယီ နေရာချထားပေးရန် သတ်မှတ်ထားကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်ကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ ဌာနဆိုင်ရာများ တင်ပြလာသည့် အကြံပြုချက်များကို ယင်းကော်မတီ အတွင်းရေးမှူးအဖွဲ့က စုစည်းပြီး ပြည်သူများထံ ချပြသွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေး တက်ရောက်သည့် တာဝန်ရှိသူများထံမှ သိရှိရသည်။

T.L



FOLLOW US