News

POST TAGGED AS

မဟာမုနိဘုရား

မန္တလေးမဟာမုနိဘုရာကြီး၏ ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းများမှ ရွှေသား ၁၅ ပိဿာခန့်ရရှိခဲ့ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မန္တလေး မဟာမုနိဘုရားကြီးကို ရွှေသင်္ကန်းကပ်ရာမှ ထွက်ရှိလာသော ရွှေလှောင်စက္ကူများမှနေ၍ ရွှေမိုက်ထုတ်ယူလျက်ရှိရာ တစ်လကျော်ကြာကာလအတွင်း ရွှေသားငါးပိဿာခန့် ရရှိထားပြီဖြစ်ကြောင်း ရွှေမိုက်ထုတ်လုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် ဦအောင်မိုးက ပြောကြားသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး အရှေ့ဘက် မုခ်ဦးပတ်ဝန်းကျင်နှင့် လိပ်ကန်ငါးကန်အနီးမှ ဖယ်ရှားခံခဲ့ရသော ပျံကျဈေးသည်များကို ဂေါပကအဖွဲ့က ဆိုင်ခန်းအသစ်များ ပြန်လည်ချထားပေးသော်လည်း အရောင်းအဝယ် ကျဆင်းခဲ့သည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ယင်းဈေးသည်များက ပြောကြားသည်။
မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အရှေ့ဘက်မုခ် ၈၁ လမ်းပေါ်တွင် ရှိနေသည့် ဆိုင်ခန်းများအနက် လမ်းမပေ ကျူးကျော်ရောင်းချနေမှုများကို ယခုလအတွင်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရ သည်။
11-Aug-2017 tagged as မဟာမုနိဘုရား
နံနက်ခင်း အရုဏ်တက်ချိန် မဟာမုနိဘုရားကြီး မျက်နှာတော်သစ်အချိန်ဝယ် မျက်နှာသစ်၊ ခြေလက်ဆေးရန် အလို့ငှာ ရေတော်ခင်းခြင်းအတွက် တီးမှုတ်ရခြင်းကြောင့် ရေခင်းတော်တီးခြင်းဟု ခေါ်ကြခြင်း ဖြစ်သည်။
မန္တလေးမြို့တော်ရှိ မဟာမုနိဘုရား အပါအဝင် လူသိများသော ဘုရားသုံးဆူကို ဆေးလိပ်မသောက်ရနယ်မြေ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
မန္တလေးမြို့တော်၏ အထင်ကရ ဘုရား တစ်ဆူဖြစ်သည့် မဟာမုနိ ရုပ်ရှင်တော်သို့ လာရောက် ဖူးမြော်သူများ လေ့လာနိုင်စေရန် ထားရှိပေးထာသည့် ကြေးရုပ်တုများကို ပွတ်တိုက် ကိုင်တွယ်ခြင်း မလုပ်သင့်ကြောင်း ရှေးဟောင်း ပညာရှင်များက တိုက်တွန်း ပြောကြားသည်။