News

POST TAGGED AS

မသန်စွမ်း

မသန်စွမ်း မထူးထူးမွန်အတွက် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ဘွဲ့ရသည်အထိ ကူညီမည်

ကလေး၊ အောက်တိုဘာ ၄ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ မသန်စွမ်း မထူးထူးမွန်ကို ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ဘွဲ့ရသည်အထိ ငွေကြေးထောက်ပံ့မှု ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

မထူးထူးမွန်သည် မွေးရာပါ ခြေလက်အင်္ဂါ ချို့ယွင်းသူဖြစ်ပြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ရွာဇာတိဖြစ်ပြီး ၎င်းကို ကလေးမြို့ ပညာတံခွန် ဘော်ဒါဆောင် တည်ထောင်သူ ဆရာဦးခင်မောင်ဆွေက တွေ့ရှိခေါ်ယူကာ အဆောင်တွင် အခမဲ့ စောင့်ရှောက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် အကူအညီပေးခဲ့ရာမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူဖြစ်သည်။

အဆိုပါ ကျောင်းသူ ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က တစ်နှစ်လျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ဘွဲ့ရသည်အထိ နှစ်စဉ် ထောက်ပံ့ကူညီမည်ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ် ကိုယ်စား ကလေးမြို့နေ ဦးမောင်မောင်အေးနှင့် ဒေါ်ဒီပါဒေဝီတို့မှ ငွေကျပ် တစ်သိန်းခုနစ်သောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဦးမောင်မောင်အေးက ပြောဆိုသည်။

မထူးထူးမွန်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုလွှာပေးအပ်ခြင်း ခံရသူတစ်ဦးလည်းဖြစ်သည်။

R-20



FOLLOW US