News

POST TAGGED AS

မသန်စွမ်း

27-Nov-2017 tagged as မသန်စွမ်း
မသန်စွမ်း ကလေးငယ်များနှင့် အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့နေသော ကလေးငယ်များ၏ စွမ်းဆောင်ရည်ကို ဖော်ထုတ်မြှင့်တင်ပေးရန် ရည်ရွယ်၍ မသန်စွမ်းကလေးငယ်များ၏ လက်မှုပစ္စည်း အရောင်းပြပွဲနှင့် အနုပညာ စွမ်းရည်ပြိုင်ပွဲများကို Junction Square နှင့် Junction Centre တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (နိုဝင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ ကာလအတွင်း) ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ မသန်စွမ်း မထူးထူးမွန်ကို ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ဘွဲ့ရသည်အထိ ငွေကြေးထောက်ပံ့မှု ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နဝမအကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေနှင့် ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ် လေးဆယ်ကျော် ရရှိခဲ့သည်။
08-Jun-2017 tagged as မသန်စွမ်း
မသန်စွမ်းသူများ ဥပဒေပါ မသန်စွမ်းသူများ သက်သေခံကတ် (မသန်စွမ်း မှတ်ပုံတင်) များ ထုတ်ပေးရန် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်နေကြောင်း လူ ကယ်ပြန်ဝန်ကြီးဌာနထံမှ သိရသည်။
28-Mar-2017 tagged as မသန်စွမ်း
ပြည်တွင်းစစ် ရပ်စဲရန်နှင့် ငြိမ်းချမ်းရေး အသိပညာ ပေးရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး ဂီတပွဲတော်ကို ရှမ်းပြည်နယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခဝဲခြံမျက်မမြင်ကျောင်း ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။
02-Feb-2017 tagged as မသန်စွမ်း
မွေးရာပါ လက်တစ်ဖက်မပါသော အသက် ၂၆ နှစ်အရွယ် ထီသည်ကို မော်တော်ကားဖြင့် သစ်သီးရောင်းသူများက ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုကို အင်းစိန်မြို့နယ်၊ ခဝဲခြံမျက်မမြင်ကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
01-Feb-2017 tagged as မသန်စွမ်း
မြန်မာနိုင်ငံက မသန်စွမ်းသူတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရနေတယ် ဆိုပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအဖွဲ့ချုပ်က ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ကိုလည်း မသန်စွမ်းသူတွေက ပြောပါတယ်။ အကြောင်းစုံကို ကြည့်ရှူနိုင်ပါတယ်။
ဆေးရုံများသို့ ဆေးကုသရန် လာရောက်ကြသည့် မသန်စွမ်းသူများနှင့် အငြိမ်းစားဝန်ထမ်းများကို ဆေးရုံတွင် အခြားလူနာများနည်းတူ တန်းစီစောင့်ဆိုင်းကုသရန် မလိုဘဲ ဦးစားပေးကုသရန် ညွှန်ကြားထားကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ယနေ့(ဒီဇင်ဘာ၉) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်သည့်၎င်းက မီဒီယာများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်
23-Nov-2016 tagged as မသန်စွမ်း
မသန်စွမ်းသူများကို အခြား သာမန် လူများ နည်းတူ တန်းတူ ညီတူ အခွင့်အရေး ရရှိစေရန် ဝိုင်းဝန်းပံ့ပိုး ကူညီပေးစေလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်၊၊
22-Sep-2016 tagged as မသန်စွမ်း
မသန်စွမ်းသူများ ပညာရေးအလှမ်း မဝေးစေရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံရုံးနှင့် ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်မည့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှု အခမဲ့ သင်တန်းကို မသန်စွမ်းသူများ အထူး လျှောက်ထားရန် တိုက်တွန်းေ