News

POST TAGGED AS

မဘသ

29-May-2017 tagged as မဘသ
မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟု အမည်ပြောင်း ဖွဲ့စည်းလိုက်ပြီး မဘသအဖွဲ့ဝင် ဆရာတော်များက မူလတာဝန်များအတိုင်း ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဝံသာနု ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ မောင်သွေးချွန်က ပြောကြားသည်။
28-May-2017 tagged as မဘသ
အစိုးရသစ်တက်ခါစက မဘသ၏ နေဝင်ချိန်အတွက် လက္ခဏာအချို့ ဖြစ်လာခဲ့ဖူးသည်။ ဦးဖြိုးမင်းသိန်း ပြောဆိုခဲ့သော မဘသမရှိသင့်ဟု ဟူသော အဆိုမှ မီးခိုးကြွက်လျှောက်ကာ မဘသ၏ နောက်ဆုံးနေ့ရက်များကို ရောက်လာခြင်း ဖြစ်သည်။
27-May-2017 tagged as မဘသ
အမျိုး ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲရန် အပါအဝင် မဘသ အမှတ်တံဆိပ် လိုဂိုပြောင်းလဲခြင်း စသည့်ကိစ္စရပ်များကို ယနေ့ အစည်းအဝေး၌ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မဘသအဖွဲ့ ဗဟို ဦးဆောင်ဆရာတော် ဒေါက်တာ သောပါကမှ မိန့်ကြားသည်။
19-May-2017 tagged as မဘသ
နေပြည်တော်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဆန္ဒပြမည့် အစီအစဉ်မှာ နေပြည်တော် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် လုံးဝမသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က မေလ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
17-May-2017 tagged as မဘသ
ဥပဒေကြောင်းအရ တုံ့ပြန်ရန် လိုအပ်ပါက မဘသအဖွဲ့ ကိုယ်စား လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်ကြောင်း မဘသအဖွဲ့ထံမှ သိရသည်။
16-May-2017 tagged as မဘသ
မဘသအဖွဲ့အပေါ် ဥပဒေပြင်ပ ပြုမူ ပြောဆိုချက်များကို ကိုယ်စားပြု၍ ဥပဒေအရ တုံ့ပြန်မှု ပြုလုပ်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောကြားသည်။
15-May-2017 tagged as မဘသ
မင်္ဂလာတောင်ညွှန့်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်းတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်၌ မဘသအဖွဲ့ဝင်များ မပါဝင်ကြောင်း မဘသအဖွဲ့ ထိပ်ပိုင်း ဆရာတော် ဒေါက်တာ သောပါကက မိန့်ကြားသည်။
06-May-2017 tagged as မဘသ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ - ဗဟို) ၄ နှစ်ပြည့် ညီလာခံ၌ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မဘသ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် သံဃာတော် စုစုပေါင်း တစ်သောင်းကျော်ခန့် တက်ရောက်ရန် စီစဉ်ထားကြောင်း မဘသအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဆရာတော် ဦးတေဇနိယက မိန့်တော်မှုသည်။
28-Apr-2017 tagged as မဘသ
မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုနှစ်၌ စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကျောင်းအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။
21-Apr-2017 tagged as မဘသ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ၏ ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းကို မန္တလေးမြို့တွင် ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း မ.ဘ.သအဖွဲ့ထံမှ သိရသည်။