News

POST TAGGED AS

မဖွယ်မရာပြုလုပ်မှု

အသက် ၂၉ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးနှစ်ဦးကို ပလာတာဝယ်ကျွေးမည်ဟုဆိုကာ မြတ်စောညီနောင်ဘုရားပေါ်သို့ ခေါ်ဆောင်သွားပြီး မဖွယ်မရာပြုလုပ်သည့် အသက် ၇၀ နီးပါးအရွယ်ရှိ အမျိုးသားတစ်ဦးကို ကျောက်တန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၉ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ကိုးထပ်ကြီးဘုရားဝင်းအတွင်းတွင် ဗေဒင်ဟောခန်းဖွင့်ထားသည့် ဗေဒင်ဆရာ အောင်ချစ်ပို၏ ပြုမူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးဌာနလေးခုကို တိုင်ကြားစာပေးပို့ထားကြောင်း ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် မတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ (က) ရပ်ကွက်၊ တိုးချဲ့ ၂ လမ်းတွင် နေအိမ်ရေလာခပ်သည့် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသားကို ဖေဖော်ဝါရီလ ၂ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။