News

POST TAGGED AS

မန်ယူ

28-Apr-2017 tagged as မန်ယူ
ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် မန်ယူအသင်း တည်းခိုရာ လိုရီဟိုတယ်ကို လေ့ကျင့်ရေးခွေးများဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ပေးခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခဲ့သည်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
27-Apr-2017 tagged as မန်ယူ
မန်ယူဂိုးသမား ဒီဂီယာသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အထက်နှင့် ပြောင်းရွှေ့ရန် လွန်စွာနီးစပ်နေပြီ ဖြစ်ပြီး ဒီဂီယာ အပြောင်းအရွှေ့အတွက် အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်ထံက တစ်ဆင့် ရီးရဲလ်မက်ဒရစ်က ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
21-Apr-2017 tagged as မန်ယူ
မန်ယူအသင်းသည် နိုင်ဂျီးရီးယားနိုင်ငံ ကာလာဘာမြို့တွင် ဖြစ်ပွားခဲ့သော လျှပ်စစ်ဓာတ်အားလိုင်းကြိုး ပြတ်တောက်ကျရောက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ဂျီးရီးယားနိုင်ငံသား မန်ယူပရိသတ် ၃၀ ကျော်အတွက် ၀မ်းနည်းကြောင်း ကြေညာချက်တစ်ရပ်ကို အသင်းပိုင် တွစ်တာလူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
14-Apr-2017 tagged as မန်ယူ
မန်ယူအသင်းသည် ၎င်းတို့၏ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် မြန်မာ့နှစ်သစ်ကူး အခါသမယအတွက် နှစ်သစ်ဆုမွန်တောင်းပေးခဲ့ကာ လက်ရှိတွင် ယင်းဆုတောင်းစကားကို Like ပေးအပ်သည့် အကြိမ်အရေအတွက် 6.6k၊ မျှဝေ (Share) သည့်အကြိမ်အရေအတွက် တစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရှေ့လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အခြေအနေကိုလိုက်၍ ပွဲထွက်လူစာရင်းကို ချိန်ဆသွားတော့မည် ဖြစ်ကြောင်း အသိပေးလိုက်ပြီ ဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမည့် သီတင်းပတ်များတွင် အင်အားတောင့်သည့် လူစာရင်းကို ပရီးမီးယားလိဂ်တွင် အရဲစွန့်ထုတ်သုံးတော့မည် မဟုတ်ဟုလည်း မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ဘောလုံးရာသီအတွက် အသင်းကို အားဖြည့်ရန် မက်ခီလီလီ လက်သစ်တစ်ဦး မဖြစ်မနေ ခေါ်ယူရတော့မည်ဟု ဖွင့်ဟအသိပေးလိုက်ပြီ ဖြစ်ပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ၎င်းပထမဆုံး ကမ်းလှမ်းဆက်သွယ်ခဲ့သူမှာ ကန်တီ ဖြစ်ကြောင်းလည်း မော်ရင်ညိုက ဝန်ခံလိုက်ပြီ ဖြစ်သည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဝက်စ်ဘရွန်းတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ၎င်းကို မေးခွန်းများ မေးမြန်းခဲ့သည့် ဘီဘီစီ သတင်းဌာန၏ သတင်းထောက်ဖြစ်သူနှင့် စကားအချေအတင်ဖြစ်ခဲ့ကာ ဘီဘီစီ သတင်းထောက် မက်နာမာရာ၏ မေးခွန်းတစ်ခုကို မော်ရင်ညိုက “ခင်ဗျားက အဲ့ဒီလို ထင်နေတာလား” ဟု တုံ့ပြန်သည် အထိပင် ပြင်းထန်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
26-Mar-2017 tagged as မန်ယူ
မန်ယူဂိုးသမား ဒီဂီယာ၏ချစ်သူ အီဒါနေးဂါစီယာသည် စပိန်နိုင်ငံမက်ဒရစ်မြို့တွင် ၎င်းတို့နှစ်ဦး နေထိုင်ရန်အတွက် နေအိမ်ရှာဖွေနေပြီ ဖြစ်ကာ ယင်းအခြေအနေများအရ လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်သို့ ဒီဂီယာ ပြောင်းရွှေ့ရန်မှာ လွန်စွာနီးစပ်သွားခဲ့ပြီ ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
05-Mar-2017 tagged as မန်ယူ
လီဗာပူး နောက်ခံကစားသမားဟောင်း ကာရေဂါသည် လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်က ၎င်းတို့ကို မန်ယူပရိသတ်များ လှောင်ပြောင်ခဲ့သည်ကို သတိရမိကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိတွင် မန်ယူမှာ ယင်းဝဋ်ပြန်လည်နေပြီ ဖြစ်ကြောင်း ကာရေဂါက သုံးသပ်မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Feb-2017 tagged as မန်ယူ
မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် မန်ယူက ဆောက်သမ်တန်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လိဂ်ဖလား ဗိုလ်လုပွဲအပြီးတွင် အာဆင်နယ်ကို ရည်ညွှန်းသည့် သဘောဖြင့် လှောင်ပြောင်စကားများ ပြောကြားသွားခဲ့ကာ အီဘရာဟီမိုဗစ်၏ ပြောကြားချက်များမှာ အာဆင်နယ်အသင်း အားပေးသူများအတွက် လွန်စွာခံပြင်းဖွယ် ကောင်းလိမ့်မည် ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။