News

POST TAGGED AS

မန်ယူအသင်း

14-Oct-2017 tagged as မန်ယူအသင်း
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အလွန်တွင် ယင်းရာထူးကိုဆက်ခံ၍ မန်ယူနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော ဒေးဗစ်မိုယက်စ်သည် ၎င်းအလိုရှိသည့် ကစားသမားများကို ခေါ်ယူရရှိခဲ့ခြင်း မရှိသည့်အတွက် မန်ယူကို အလိုရှိသည့်အတိုင်း ပုံမဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပြီး ၎င်းခေါ်ယူလိုသည့် ကစားသမားများသာ မန်ယူထံသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့မည်ဆိုပါက မန်ယူ၏အောင်မြင်မှုမှာ နည်းပြဖာဂူဆန်လက်ထက်ကအတိုင်းပင် ဆက်လက် တည်ရှိနေနိုင်သည်
21-Sep-2017 tagged as မန်ယူအသင်း
မန်ယူ ၉၂ မျိုးဆက် ကစားသမားများ ဖြစ်ကြသည့် ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးနှင့် နီကီဘတ်တို့သည် တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ပြီး ယင်းတက္ကသိုလ်ကို မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်းပတ်ဝန်းကျင်တွင် တည်ဆောက်သွားမည်ဟုလည်း ၉၂ မျိုးဆက် ကစားသမားများ အတည်ပြုထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
18-Sep-2017 tagged as မန်ယူအသင်း
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူအနေနှင့် လက်ရှိအချိန်တွင် ဂိုးပြတ်နိုင်ပွဲများ ရယူ၍ အသင်းအားပေးသူ ပရိသတ်များကို စိတ်ကျေနပ်မှုများ ပေးနေသော်လည်း ကစားပုံကမူ အားရလောက်ဖွယ်ရာ အခြေအနေမျိုး ဖြစ်မလာသေးသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း သတိပေး ပြောကြားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
09-Sep-2017 tagged as မန်ယူအသင်း
မန်ယူနည်းပြဟောင်း ဗန်ဟားလ်သည် ၎င်းကို ရာထူးထုတ်ပယ်၍ မော်ရင်ညိုကို အစားထိုး ခန့်အပ်ရန် မန်ယူအသင်းတာဝန်ရှိသူများက အကွက်ကျကျ စီစဉ်၍ ရုပ်ရှင်ဇာတ်ကားဆန်ဆန် ပြုမူလုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟ ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
05-Sep-2017 tagged as မန်ယူအသင်း
အက်ဖ်စီယူနိုက်တက် ဘောလုံးအသင်းကို ဦးစီးတည်ထောင်ခဲ့သူများ အနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဂျွန်ပေါလ်အိုနေးလ်သည် မန်ယူအသင်းထွက် ၉၂ ရွှေရောင်မျိုးဆက် ကစားသမားများထံတွင် မန်ယူကို ပြန်လည် ဝယ်ယူရန် အစီအစဉ်များရှိနေပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မန်ယူမှာ ၉၂ မျိုးဆက် ကစားသမားများ၏ ဦးဆောင်မှုသို့ ရောက်ရှိသွားနိုင်ကြောင်း ပြောကြားလိုက်သည်
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီတွင် မန်ယူအသင်း ကစားသမားများကို အထူးအခွင့်အရေးတစ်ရပ် ပေးအပ်ထားပြီဖြစ်ကာ ယင်းအခွင့်အရေးမှာ ပြိုင်ပွဲမကစားမီ နေ့ရက်များတွင် အသင်းဟိုတယ်သို့ လာရောက် နေထိုင်ရမည့်အစား သက်ဆိုင်ရာ နေအိမ်များတွင် မိသားစုနှင့်အတူ နေထိုင်ခွင့် ပေးထားခြင်းပင်ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
22-Aug-2017 tagged as မန်ယူအသင်း
အဲဗာတန်တိုက်စစ်မှူး ရူနီသည် မန်စီးတီးနှင့် အဲဗာတန်တို့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် ရင်းနှီးသော မျက်နှာများရှေ့တွင် အောင်ပွဲခံရသည်မှာ အမြဲတစေ နှစ်လိုဖွယ် ကောင်းသည်ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
20-Aug-2017 tagged as မန်ယူအသင်း
မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် မန်ယူကို ၎င်းစွန့်ခွာဖြစ်ခဲ့သည့် အကြောင်းရင်းကို ဖွင့်ဟပြောကြားလိုက်ပြီဖြစ်ပြီး ၎င်းက အသင်းအတွက် အပြုသဘောဆောင်သည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြောကြားခဲ့သည့် အင်တာဗျူး ဖြေကြားချက်များကို အသင်းတာဝန်ရှိသူများက ဒဏ်ကြေးငွေ တပ်ရိုက် အရေးယူခဲ့သည့်အတွက် ၎င်းအနေနှင့် မန်ယူကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရွိုင်ကိန်းက အသိပေးသွားခဲ့သည်
ရီးရဲလ်မက်ဒရစ်အသင်းသည် အသက် ၁၈ နှစ်အရွယ် မိုနာကိုတိုက်စစ်မှူး ဘတ်ပီကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ဘတ်ပီ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၁၆၀ ဖြင့် သဘောတူညီမှု ရယူလိုက်နိုင်ခြင်းဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
24-Jul-2017 tagged as မန်ယူအသင်း
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလား ပွဲစဉ်တွင် ထိခိုက်ဒဏ်ရာ ရသွားခဲ့သော ကွင်းလယ်ကစားသမား ဟာရီရာမှာ ကာလရှည် အနားယူရလိမ့်မည်မဟုတ်ဟု အကောင်းမြင်ထားပြီး လက်ရှိအချိန်တွင်မူ ၎င်းအနေနှင့် ဒဏ်ရာ အခြေအနေကို အတိအကျ မသိရှိရသေးသည့်အတွက် အတိအကျ မှတ်ချက်ပေးနိုင်ရန် မလွယ်သေးကြောင်း မော်ရင်ညိုက ပြောကြားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။“