News

POST TAGGED AS

မန်စီးတီး

29-Sep-2017 tagged as မန်စီးတီး
မန်စီးတီး တိုက်စစ်မှူး အဂူရိုသည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ရောက်ရှိနေစဉ်တွင် ၎င်းစီးနင်းလိုက်ပါသော အငှားယာဉ် ယာဉ်မတော်တဆဖြစ်ခဲ့သည့် အတွက် နံရိုးများ ကျိုးသွားခဲ့ပြီး ဒဏ်ရာအနည်းငယ် ပြင်းထန်သည့်အတွက် အဂူရိုမှာ နှစ်လခန့် အနားယူရတော့မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Sep-2017 tagged as မန်စီးတီး
မန်စီးတီးနောက်ခံလူ မင်ဒီသည် မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး လက်ရှိတွင် ယင်းဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် အခြေအနေ ပိုမိုဆိုးရွားနေသည့်အတွက် မင်ဒီ ကာလရှည် နားရမည်ကို နည်းပြဂွါဒီယိုလာက စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဟာရီရာသည် လက်ရှိဘောလုံးရာသီတွင် မန်ယူနှင့် မန်စီးတီးတို့ကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက မန်ယူထံတွင် ဖိအားလုံးဝမရှိဘဲ မန်စီးတီးထံတွင်သာ ရှိနေသည်ကို မြင်တွေ့ကြရလိမ့်မည် ဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
17-Sep-2017 tagged as မန်စီးတီး
မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးက ဝက်ဖို့ဒ်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် ၎င်း၏ ကစားသမားဘဝဖြတ်သန်းမှုအတွင်း သမိုင်းမှတ်တိုင်သစ်အချို့ ထပ်မံ စိုက်ထူခွင့် ရရှိသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
04-Sep-2017 tagged as မန်စီးတီး
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) သည် ၎င်းတို့အနေနှင့် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းမှု ရှိ၊ မရှိ စစ်ဆေးသွားမည် မဟုတ်ကြောင်း အတည်ပြု ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီဖြစ်သည်ဟု The Mirror က ဖော်ပြထားသည်။
02-Sep-2017 tagged as မန်စီးတီး
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့တွင် မန်စီးတီးထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်ရှိရန် နီးစပ်ခဲ့သည်ဟူသော သတင်းဖော်ပြချက်များမှာ ထင်မြင်ယူဆချက်ကိုအခြေခံသည့် သတင်းမှားများသာဖြစ်သည်ဟု ပြောကြားလိုက်ပြီး အမှန်တကယ် လက်တွေ့အခြေအနေတွင်မူ မန်စီးတီးထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ဖြစ်ရေးမှာ ၅၀-၅၀ ဆတူ အခြေအနေမျိုးတွင်သာရှိခဲ့ကြောင်း အာစင်ဝင်းဂါးက ရှင်းပြသွားခဲ့သည်
မန်စီတီးအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်ကစားသမား စတာလင်းကိုပါ အလိုက်အဖြစ် ပေးအပ်ကမ်းလှမ်းသွားရန် စီစဉ်နေပြီ
17-Aug-2017 tagged as မန်စီးတီး
ဝက်စ်ဘရွန်းအသင်းသည် ၎င်းတို့၏ နောက်ခံကစားသမား ဂျွန်နီအီဗန်စ်ကို ခေါ်ယူရန် မန်စီးတီးက ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၈ သန်းဖြင့် အံ့သြသင့်ဖွယ် ကမ်းလှမ်းဆက်သွယ်လာခဲ့သည်ကို ချက်ချင်းပင် ငြင်းဆန်ပယ်ချပစ်လိုက်သည်။
15-Aug-2017 tagged as မန်စီးတီး
မန်စီးတီးအသင်းဟာ သြစတြီးယားကလပ် သြစတြီးယား ဗီယင်နာအသင်း တိုက်စစ်မှူး အိုလာရင်ဝါဂျူး ကာယိုဒီကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၃ ဒသမ ၅ သန်း ပေးချေဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။
26-Jul-2017 tagged as မန်စီးတီး
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပေ၏ အပြောင်းအရွှေ့ မှာ အရာရာဖြစ်သွားနိုင်ခြေ ရှိနေသေးသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး ရီးရဲလ်မက်ဒရစ် ယခုရရှိထားသည့်အခွင့်အရေးမှာ မန်စီးတီးထက် ပိုမိုသာလွန်ခြင်း မရှိသေး