News

POST TAGGED AS

မင်းကွန်း

မင်းကွန်းဒေသသို့ သင်္ဘောဖြင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ ရာသီမရွေး အသုံးပြုနိုင်မည့် ဆိပ်ခံဗောတံတာတစ်ခု ယခုလအတွင်းထားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
17-Dec-2016 tagged as မင်းကွန်း
ကျေးဇူးတော်ရှင် မင်းကွန်းဆရာ တော်ဘုရားကြီး သီတင်း သုံးတော်မူခဲ့သော မင်းကွန်းတောင်ရိုး တိပိဋက-ဓမ္မ နာဒပရိယတ္တိ စာသင်တိုက် အတွင်းရှိ ပိဋကတ်ကျောင်းဆောင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက မီးလောင်ကျွမ်းခဲ့သော်လည်း ဗုဒ္ဓဝင်ပြတိုက် မီးလောင်ကျွမ်းခဲ့ခြင်း မရှိသောကြောင့် ဆရာတော်ကြီး၏ အသုံးအဆောင်များနှင့် ဆရာတော်ကြီး စုဆောင်းခဲ့သော သမိုင်းမှတ်တမ်းများ မီးလောင်ဆုံးရှုံးခြင်း မရှိကြောင်း ယင်း ကျောင်းတိုက် နာယက ဆရာတော်များက မိန့်ကြားသည်။
ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိသည့် ဒေသတစ်ခု ဖြစ်ပြီး ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက် အတွင်းရှိ ပိဋကတ်တိုက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညဦးပိုင်းက မီးလောင်ခဲ့သောကြောင့် မင်းကွန်းဆရာတော် စုဆောင်းခဲ့သော စာအုပ်များ၊ ဆရာတော် ရေးသားခဲ့သော ပေစာအချို့ အပါအဝင် တန်ဖိုး မဖြတ်နိုင်သော ပေစာထုပ်များ ဆုံးရှုံးသွားကြောင်း