POST TAGGED AS

မင်္ဂလာတောင်ညွန့်

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုသိမ်ညွန့်(၆)လမ်း မှတ်တိုင်တွင် ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက် ၁၁ နာရီဝန်းကျင်က YBS (၇၉) ယာဉ်တစ်စီးမှာ ခဲဖြင့်ထုခံရသောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦး မှန်စများ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သော အမျိုးသားမှာ ယနေ့ (စက်တင်ဘာလ ၁၂ ရက်) မွန်းလွဲပိုင်းတွင် ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ မြယာကုန်းရပ်ကွက်တွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ (မေလ ၁၁ ရက်)တွင် သံဃာနှစ်ပါးနှင့် အရပ်သား ငါးဦးကို ပုဒ်မ ၅၀၅(ဂ)/၃၄ တို့ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲမှူးက တရားလိုပြု ဦးတိုက်လျှောက် တရားစွဲဆိုမှုကို တရားရုံးက လက်ခံပြီး ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။