News

POST TAGGED AS

မင်္ဂလာဒုံ

မင်္ဂလာဒုံ စက်မှုဇုန်ဝင်းတွင် လွန်ခဲ့သည့် သုံးနှစ်ကျော်က ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို ဩဂုတ်လ ၈ ရက်နေ့က မူး/စိတ်ပုဒ်မ ၂၀ (က)/၂၁ တို့ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
မင်္ဂလာဒုံ စက်မှုဇုန်တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိ စိတ်ကြွဆေးပြားများ စံချိန်တင်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရားစွဲဆိုထားသူ ၁၀ ဦးကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာရှိ အောင်စည်းခုံဘုရားပေါ်တွင် မိန်းကလေးငယ် တစ်ဦးနှင့် ချိန်းတွေ့နေသည့် ခင်ပွန်းဖြစ်သူကို ၎င်း၏ ဇနီးကဓားဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်း ညောင်ပင်မှတ်တိုင်အနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် ည ၈ နာရီခွဲက ကယ်ရီသမားအချင်းချင်း စကားများရန်ဖြစ်ရာမှ ကယ်ရီမောင်းသူ အသက် ၂၆ နှစ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် နေအိမ်မှ ငွေ ၅၀ ကျပ်ကို အသိမပေးယူသုံးသည့် အသက် ၁၁ နှစ်အရွယ် သားအရင်းကို ၎င်း၏မိခင်က မီးပူဖြင့် ထိုးကပ်ခဲ့သောကြောင့် ခန္ဓာကိုယ်အနှံ့ အရေပြားများ လောင်ကျွမ်းသည့် ဒဏ်ရာရခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်ရှိ နေအိမ်လိုင်းခန်း တစ်ခန်းတွင် ဇန်နဝါရီလ ၂၉ ရက် နံနက် ၄ နာရီဝန်းကျင်က အခန်း ထဲ အမျိုးသားတစ်ဦး ဝင်ရောက်လာသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသည့် အမျိုးသမီးမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန် ကားမှတ်တိုင်အနီး စမ်းကြီးဝရပ်ကွက်အပိုင်ရှိ လယ်ကွက်ရေမြောင်းထဲတွင် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဘုရားလမ်းအနီးတွင် ညဥ့်နက်ပိုင်း၌ အုပ်စုဖွဲ့၍ သုံးချပ်ဖဲလောင်းကစားရန် တိုက်တွန်းကာ ခရီးသည်များထံမှ ပိုက်ဆံနှင့် ရွှေပစ္စည်းများ လုယက်ယူသောအဖွဲ့ကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးအရေးယူရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာနမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ် (၃) လမ်းမကြီးဘေး၊ လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သံပိုက်လုံးကို ဖယ်ရှားစဉ် ဓာတ်ကြိုးနှင့်ထိပြီး အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်တိုးချဲ့ ၁ လမ်းရှိ ကျူးကျော်နေထိုင်နေသည့် အိမ်များကို ဇေကမ္ဘာကုမ္ပဏီမှ အင်အား အများအပြားဖြင့် အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်မှ စတင် ဖျက်သိမ်းလျက်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။