News

POST TAGGED AS

မက်ဆီ

မန်စီးတီးကို ဟက်ထရစ် သွင်းပြီးနောက် စံချိန်သစ် ရသွားခဲ့သည့် မက်ဆီ
မနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာ ကစားသမား မက်ဆီဟာ စံချိန်သစ်တစ်ခု ထပ်မံ ချိုးဖြတ်လိုက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာက ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီက သုံးဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွေ အတွင်း အိမ်ကွင်းပွဲစဉ်တွေမှာ မက်ဆီသွင်းယူတဲ့ ဂိုးအရေအတွက်ဟာ ဂိုး ၅၀ ပြည့်သွားခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် ဘောလုံးသမိုင်းတစ်လျှောက် အများဆုံးစံချိန် ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်တွေချည်း သက်သက် ဂိုး ၅၀ သွင်းနိုင်ခဲ့တဲ့ ကစားသမားဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် မရှိခဲ့ပါဘူး။

မက်ဆီရဲ့ စံချိန်ကို အနီးကပ်ဆုံး လိုက်နိုင်တဲ့ ကစားသမားက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့တဲ့ ရာအူးလ် ဖြစ်ပါတယ်။

ရာအူးလ်က ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ၄၉ ဂိုး သွင်းနိုင်ခဲ့ပြီးနောက် ကစားသမားဘဝက အနားယူခဲ့သူပါ။

မန်စီးတီးပွဲမှာ သက်သောင့်သက်သာ ကစားပြီး လွယ်လွယ်ကူကူ ဂိုးတွေရခဲ့တဲ့ မက်ဆီဟာ နိုင်ပွဲမှာ အဓိကကျခဲ့သူလို့ နည်းပြ အင်းနရစ်က ပြောခဲ့ပါသေးတယ်။

ဘာစီလိုနာဟာ ဒီပွဲအနိုင်ရပြီးနောက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း ရမှတ် ၉ မှတ်နဲ့ ဦးဆောင်လျက် ရှိပါတယ်။

Ref: Metro



FOLLOW US