News

POST TAGGED AS

မကာအို

13-May-2018

ကုလသမဂ္ဂ မကာအို
ကုလ အရာရှိအား လာဘ်ပေးမှုဖြင့် မကာအို ဘီလျံနာကို ထောင်ဒဏ် ၄ နှစ် ချမှတ်


မကာအို၊ မေ ၁၃

ဘီလီယံပေါင်းများစွာတန်သည့် ကွန်ဖရန့်စင်တာတည်ဆောက်ရေးအကူအညီပေးရန် ကုလသမဂ္ဂသံအမတ်ကြီး နှစ်ဦးအား လာဘ်ပေးခဲ့မှုဖြင့် မကာအိုဘီလျံနာ နတ်လတ်ဆန်ကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အသက် ၆၉ နှစ်အရွယ်နတ်ကို အမေရိကန်ပြည်ထောင်စု မတ်ဟတ်တန် ဖက်ဒရယ်တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကာ ရာဇဝတ်မှုတွင် အသုံးပြုသည့် ဒေါ်လာ ၁ ဒသမ ၅ သန်းကို တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူမည်၊ ရာဇဝတ်မှု ဒဏ်ငွေ ဒေါ်လာ ၁ သန်းလည်း ပေးဆောင်ရမည်ဟု အမိန့်ချမှတ်ထားသည်။

အစိုးရရှေ့နေများက ထောင်ဒဏ် ၆ နှစ်ထိချမှတ်စေရေး ကြိုးပမ်းခဲ့သော်လည်း နတ်၏ရှေ့နေများကမူ တရားရင်ဆိုင်ဆဲကာလကိုပါ ပြစ်ဒဏ်မှနုတ်ပယ်ရန်နှင့် နတ်ကို တရုတ်နိုင်ငံသို့ပြန်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

နတ်ကို ၂၀၁၅ ခုနစ်မှ စတင်၍ အာဏာပိုင်များထိန်းသိမ်းခဲ့ကာ မတ်ဟတ်တန်ရှိတိုက်ခန်းတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် လာဘ်ပေးမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် အပြစ်ရှိကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ဒိုမီနီကန်သမ္မတနိုင်ငံမှ ဒုတိယသံအမတ်ကြီးဟောင်း ခရန်စစ်ရိုရန်ဇိုနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အန်တီဂူနှင့် ဘာဒူဒါသံအမတ်ကြီး ဂျွန်အတ်တို့ကိုနတ်က ဒေါ်လာ ၁ သန်းကျော် လာဘ်ငွေပေးခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားထားသည်။

ပေါ်ကူဂီကိုလိုနီဟောင်းဖြစ်သည့် မကာအိုဒေသတွင် သံအမတ်နှစ်ဦး၏ အကူအညီဖြင့် ကွန်ဖရန့်စင်တာတစ်ခု တည်ဆောက်ရန်နှင့် မကာအိုကို အာရှ၏ ဂျနီဗာအဖြစ်ပြောင်းလဲရန် နတ်မျှော်လင့်ခဲ့သော်လည်း ယင်းစင်တာတည်ဆောက်နိုင်ခြင်းမရှိဟု ရှေ့နေများက မှတ်ချက်ပြုထားသည်။

F-05



FOLLOW US