News

POST TAGGED AS

ဘဏ္ဍာရေး

မြစ်သာရေလှောင်တမံ တည်ဆောက်ရေးအတွက် ထပ်မံတောင်းခံငွေ ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီဟု ကိုယ်စားလှယ်အချို့က ထောက်ပြဝေဖန်ခဲ့ကြသော်လည်း ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
... နိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ ဆောင်ရွက်ချက်များသည် လူထုနှင့်ကင်းကွာနေဆဲဟု ဆိုရပါမည်။ နိုင်ငံ၏ ယနေ့စီးပွားရေးသည် မြင့်တက်လာသည့် ကုန်ဈေးနှုန်းနှင့်အတူ အလယ်အလတ် လူတန်းစားများ၊ ဝန်ထမ်းများ၊ လက်လုပ်လက်စားများ၏ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်သောကများ၊ ကျပ်တည်းလာသည့် စားဝတ်နေရေးများကို ဟန်ချက် မထိန်းနိုင်သေးချေ။
လျှပ်စစ်ဓာတ်အားခက များတဲ့အတွက် မြစ်ရေတင်လိုက်တိုင်း ဌာနက အရှုံးပေါ်ပြီး ကုန်ကျစရိတ် မတတ်နိုင်လို့ ဆိုပါတယ်။ ဒါကြောင့် မဖြစ်မနေ ရေတင်ရမယ်ဆိုရင်လည်း အချိန်ခဏပဲ ရေလွှတ်ပေးတာပါ။ ဒီအတွက် သတ်မှတ်ရေပေးဧရိယာအတိုင်းလည်း မပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ ရေသွယ်မြောင်းအတွက် ပြင်ဆင်စရိတ် တောင်းခံခဲ့တာ အံ့ဩမိတာ အမှန်ပါပဲ။ ပြည်သူ့ဘဏ္ဍာ လေလွင့်မှုလို့ ဆိုရမှာပါ။ ဒီဖြစ်စဉ်ဟာ အသေးအဖွဲဖြစ်စဉ်လေး တစ်ခုသာဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာတွေ လေလွင့်နေသမျှ ပြည်သူများကတော့ ခါးစည်းခံနေကြရဦးမှာပါ။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးလိုက်ပါလာသော ကားကို ကျောက်တင်ကားတစ်စီးက ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က ဝင်တိုက်မိခဲ့ကြောင်း တင်းတိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောကြားသည်။
ကြားကာလ ဘဏ္ဍာနှစ်ကုန်ရန် တစ်လခွဲသာ ကျန်ရှိခြင်းကြောင့် ရန်ကုန်တိုင်းအတွက်ရရှိသော ကျပ်ဘီလီယံ ၂၀၀ ကျော်ကို လမ်းပြင်ရန် အဓိကသုံးစွဲမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦမြင့်သောင်းက ပြောကြားသည်။
လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံပေါင်း ၃၂၀၀ ကျော်တောင်းခံခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံကို တိုးမြှင့်တောင်းခံခဲ့ရကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
ဟားဗတ်တက္ကသိုလ်ကပေးတဲ့ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့လေးရရုံ၊ ကိုယ်ပိုင်က လုပ်ငန်းရှင်ဖြစ်ရုံ၊ ဂုဏ်သတင်းကျော်စောမှုရှိရုံ၊ လုပ်ချင်ရုံ၊ ရိုးသားကြိုးစားရုံနဲ့တော့ မဖြစ်နိုင်သေးပါဘူး။ အထက်က ခိုင်းရင်ခိုင်းတဲ့အတိုင်း လုပ်တတ်တာ၊ ရိုကျိုးတာ၊ အမိန့်နာခံတာ၊ အစိုးရကချမှတ်ထားတဲ့မူဝါဒအတိုင်း လိုက်လုပ်နေတာတွေနဲ့တော့ ဒီဝန်ကြီးအသစ်ဟာ ပြည်သူတွေ မျှော်လင့်တဲ့ ဝန်ကြီးမျိုး မဖြစ်လာနိုင်ပါဘူး။
NLD အစိုးရအဖွဲ့တွင် လစ်လပ်နေသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးနေရာ၌ အသက် ၈၀ အရွယ် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။