News

POST TAGGED AS

ဘုရား

ပုဂံဘုရားများကြံ့ခိုင်ရေး အန္တရာယ်ရှိအစိတ်အပိုင်းများကို ဖယ်ရှား
မန္တလေး၊ မတ် ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြန်လည်တည်ဆောက်ထားသည့် ဘုရား၊ စေတီများအနက် ပိုနေသည့်အစိတ်အပိုင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“အန္တရာယ်ရှိနိုင်တဲ့ ဒဏ်ရာဒဏ်ချက်များတဲ့ အစိတ်အပိုင်းတွေကို ဖယ်လိုက်တာ။ ဒီလိုလုပ်တဲ့အတွက် ယူနက်စကို တင်ထားတဲ့အပေါ် မထိခိုက်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

အသစ်ပြန်လည်တည်ဆောက်ထားသည့် ဘုရားများအနက် လက်ရှိတွင် ဘုရားလေးဆူရှိ အက်ကြောင်းများမှ အုတ်များကို ဖယ်ရှားထားကြောင်း၊ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားအဆူ ၁၀၀ ကျော်ရှိနေရာ ထပ်မံဖယ်ရှားနိုင်ရန် စစ်ဆေးနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှသိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု ဒေသရှိဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရပြီး ယင်းနှစ် စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရားစေတီအချို့ ထပ်မံပျက်စီးခဲ့ကာ နိုဝင်ဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် အုတ်ကျောင်းတစ်ခု၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေဝင်၊ နေထွက်ချိန်များကို တက်ရောက်ကြည့်ရှုနိုင်သည့် ရွှေဆံတော်ဘုရား ပထမပစ္စယာအုတ်သားနံရံ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့ကလည်း ဘုရားအမှတ် ၁၀၆၆ ပြိုကျခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။ 

M-05



FOLLOW US