News

POST TAGGED AS

ဘုရား

24-Dec-2017

ပုဂံ
သဗ္ဗညုပုထိုးတော်ကြီးကို တရုတ်ပညာရှင်များ ပြုပြင် ထိန်းသိမ်းမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

ပုဂံဒေသတွင် ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အတွင်းကြေဖြစ်နေသည့် သဗ္ဗညုပုထိုးတော်ကြီကို တရုတ်ပညာရှင်များက ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်မည်ဟု သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ပုဂံဒေသတွင်ရှိ စေတီပုထိုးများတွင် အမြင်ဆုံးဟု ပြောစမှတ်ပြုရသည့် သဗ္ဗညုပုထိုးကြီးမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ရှိ မရှိကို ယူနက်စကို၊​ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် မြန်မာပညာရှင်များက CD စကင်ရိုက်ခြင်း ဓာတ်မှန်ရိုက်ခြင်းနှင့် Drone ကင်မရာများဖြင့် ပုံရိပ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် အသံလှိုင်း ထုတ်လွှင့်သည့်စက်ဖြင့် စမ်းသည့်အခါတွင် ပဲတင်သံ ပြန်မလာသဖြင့် ကြီးမားသည့် ဒဏ်ရာသွားသည်ဟု ပညာရှင်များက ဆုံးဖြတ်ခဲ့ကြောင်း၊ အတွင်းကြေဒဏ်ရာများ ပြန်လည်ပြုပြင်ရန် ယူနက်စကို၏ အကြံပေးချက်အရ တရုတ်နိုင်ငံသို့ အကူအညီ တောင်းသည်အခါ တရုတ်နိုင်ငံက ပြုပြင်ထိန်းသိမ်ပေးမည်ဟု သဘောတူညီချက် ရခဲ့ကြောင်း ပုထိုးကြီးပြင်ဆင်ချိန် ၇ နှစ်ကြာမည်ဟု တရုတ်နှင့် ယူနက်စကို ပညာရှင်များ ခန့်မှန်းကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၁၆ ခု လှုပ်ခဲ့သည့်ငလျင်ကြောင့် ပျက်စီခဲ့သည့်ဘုရားများပြုပြင်ရန် အလှူငွေများ လုံလောက်မှုရှိသဖြင့် ကောက်ခံမည်မဟုတ်ကြောင်း ဘုရားများပြုပြင်မှုသည် ၆ဝ ရာခိုင်းနှုန်း ပြီးစီးနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများက ထပ်မံ ရှင်းလင်းပြောကြားသည်။

“တရုတ်မှာ ယူနက်စကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်နေတာ အများကြီးပဲရှိတယ်။ သူတို့နည်းပညာတွေ အဆင့်မြင့်တယ်။ ကမ္ဘောဒီးယားက အန်ကောဝပ်ကို တရုတ်ပညာရှင်တွေက ထိန်းသိမ်းခဲ့တာ”ဟု ပုဂံမြို့ခံ ရှေးဟောင်း သုတေသနပညာရှင် ဦးအောင်ကြိုင်က ဆိုသည်။

သဗ္ပညု ပုထိုးတော်ကြီးကို ခရစ်သက္ကရာဇ် ၁၁၄၄ တွင် အလောင်းစည်သူမင်းကြီးက ဗုဒ္ဓပွင့်တော်မူရာဒေသမှ ဘုရားရှင် သီတင်းသုံးခဲ့သည့် ဗုဗ္ဗာရုံကျောင်းပုံစံကိုယူပြီး တည်ခဲ့ကြောင်းနှင့် အမြင့်ပေ ၂၀၀ ကျော်ရှိသည်ဟု မြန်မာရာဇဝင်များ အဆိုအရ သိရသည်။

T.L

  • VIA


FOLLOW US