News

POST TAGGED AS

ဘုရား

သဲကုန်းမြို့နယ်​၊ ပုတီးကုန်းမြို့အတွင်းရှိ ကန့်လန့်ကုန်း​ကျေးရွာအုပ်​စု ဖလံ​တောင်​​ဝေး​ကျေးရွာ ​(မြောက်​​ကျောင်း ဘုန်းကြီး​ကျောင်း) အတွင်း ဘုရားဆင်းတု​တော်​များ ခိုးယူသူများကို ဖမ်းဆီးရမိခဲ့ပြီး ရဟန်းနှစ်ပါး ပါဝင်​​နေကြောင်း ပုတီးကုန်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်​လှဝင်းက ​ပြောကြားသည်​။
17-Aug-2018 tagged as ပုဂံ ဘုရား
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ် ၁၅၅၄ သယမ္ဘူဘုရား၌ ကာရံထားသည့်သံပန်းကို ဖျက်ဆီးသူများအား အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
10-Jun-2018 tagged as ပုဂံ ဘုရား
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၃၇၈ ကို မျက်မြင်အတိုင်း ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် မေလ ၁၉ ရက် နံနက် ၈ နာရီခန့်က ဘုရားပေါ်တက်သည့် ဓာတ်လှေကားတစ်စင်း စက်ချို့ယွင်း၍ လူ ၁၆ ဦးမှာ ဓာတ်လှေကားအတွင်း တစ်နာရီကျော်ကြာ ပိတ်မိနေခြင်းကြောင့် ဓာတ်လှေကား အမိုးဖြုတ်ကာ အရေးပေါ်ကယ်ဆယ်လိုက်ရကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့၊ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။
12-May-2018 tagged as ပုဂံ ဘုရား
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ဘုရား ၅၅ ဆူပြုပြင်ရန် ကျန်ရှိသည့်အနက် ပထမ ဦးစားပေးအဆင့် ပြင်ဆင်ရန် ဘုရားခုနစ်ဆူပါဝင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြန်လည်တည်ဆောက်ထားသည့် ဘုရား၊ စေတီများအနက် ပိုနေသည့်အစိတ်အပိုင်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
12-Mar-2018 tagged as ပုဂံ ဘုရား
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ယခုလဆန်းပိုင်းက ပြိုကျခဲ့သည့် ဘုရားအမှတ် ၁၀၆၆ ကို ပြန်လည်ပြုပြင်မည်မဟုတ်ဘဲ မျက်မြင်အတိုင်းသာ ထားရှိရန် ဆုံးဖြတ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွှန်ကြာရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
19-Feb-2018 tagged as မုံရွာ ဘုရား
မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာရှိ မဟာဗောဓိတစ်ထောင် သာသနာ့မြေရှိ ရပ်တော်မူရုပ်ပွားတော်သို့ တက်ရောက်နိုင်သည့် ဓာတ်လှေကားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း ဗောဓိတစ်ထောင် နာယက ဆရာတော်များထံမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားကြီးကို အိန္ဒိယနိုင်ငံမှ ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
02-Feb-2018 tagged as မုံရွာ ဘုရား
စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိပြီး ရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုရာ ကျောက်ဂူဟု ယုံကြည်ကြသည့် ကျောက်လိုဏ်ဂူတံခါးမှာ တပို့တွဲလဆန်း ၁၄ ရက်နေ့ (ဇန်နဝါရီလ ၃၀ ရက်) ည ၈ နာရီခန့်က ၁၅ မိနစ်ခန့် ကြာပွင့်ခဲ့ကြောင်း ဘုရားဖူးခရီးသွားများထံမှ သိရသည်။