News

POST TAGGED AS

ဘုရား

19-Feb-2018 tagged as မုံရွာ ဘုရား
မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာရှိ မဟာဗောဓိတစ်ထောင် သာသနာ့မြေရှိ ရပ်တော်မူရုပ်ပွားတော်သို့ တက်ရောက်နိုင်သည့် ဓာတ်လှေကားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း ဗောဓိတစ်ထောင် နာယက ဆရာတော်များထံမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားကြီးကို အိန္ဒိယနိုင်ငံမှ ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
02-Feb-2018 tagged as မုံရွာ ဘုရား
စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိပြီး ရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုရာ ကျောက်ဂူဟု ယုံကြည်ကြသည့် ကျောက်လိုဏ်ဂူတံခါးမှာ တပို့တွဲလဆန်း ၁၄ ရက်နေ့ (ဇန်နဝါရီလ ၃၀ ရက်) ည ၈ နာရီခန့်က ၁၅ မိနစ်ခန့် ကြာပွင့်ခဲ့ကြောင်း ဘုရားဖူးခရီးသွားများထံမှ သိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက်ရှိ ပေါ်တော်မူဘုရားဝင်းမှ ဈေးဆိုင်ခန်းများကို ဖယ်ရှားရေးနှင့်ပတ်သက်၍ အမြန်ဆုံးဖြေရှင်းပေးမည်ဟု တိုင်းအစိုးရက အကြောင်းပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သဗ္ဗညုဘုရားကြီးကို ပြုပြင်မှုများလုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ပညာရှင်များ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာ သုတေသနလုပ်ဆောင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်၌ တည်ထားကိုးကွယ်မည့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်၏ ဌာပနာပိတ်ပွဲနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနထံမှ သိရသည်။
23-Jan-2018 tagged as မုံရွာ ဘုရား
ပွင့်လင်းရာသီ၌သာ သွားလာနိုင်သည့် အလောင်းတော်ကဿပဘုရားဖူးလမ်းကို ယခုလဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဘုရားဖူးယာဉ်များ သွားလာခွင့်တွင် ယာဉ်ငယ်ဖြစ်သည့် မီနီထရပ်များကို ယခုနှစ်တွင် စတင်သွားလာခွင့်ပြုထားကြောင်း ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
28-Dec-2017 tagged as ပုဂံ ဘုရား
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများပေါ်မှ နေဝင်နေထွက်ချိန် ကြည့်ရှုခြင်းများကို တားမြစ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ အကာအရံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
25-Aug-2017 tagged as ထားဝယ် ဘုရား
အခုနောက်ပိုင်းနှစ်တွေမှာ ထားဝယ်မြို့ကို ရှင်ကိုးရှင် ဘုရားတွေနဲ့တွဲပြီး စိတ်ဝင်စားမှု ပိုလာကြတာ သတိထားမိပါတယ်။ ရှင်ကိုးရှင်ဘုရားတွေဟာ ထားဝယ်ဒေသရဲ့ အမှတ်သင်္ကေတ သဘောမျိုး ဖြစ်လာသလို မြို့ရဲ့ ကျက်သရေဆောင် တန်ခိုးကြီး ဘုရားတွေ အဖြစ်နဲ့လည်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေအကြား ထင်ရှားလာပါတယ်။
21-May-2017 tagged as ဘုရား
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မွေတော်ကက္ကူဘုရားတွင် ဒရုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းကို ဧပြီလမှစ၍ တားမြစ်ထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။