News

POST TAGGED AS

ဘုရားပွဲတော်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး ရက်ရွှေ့


ပုသိမ်၊ ဇန်နဝါရီ ၁၅

နုတ်ထွက်သွားသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာကို ထပ်မံရွေးချယ်အတည်ပြုပေးရန် ခေါ်ယူထားသော တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

လွှတ်တော်အရေးပေါ်အစည်းအဝေးကို ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် ကျင်းပရန် ခေါ်ယူခဲ့သော်လည်း ဆက်စပ်လုပ်ငန်းများ၊ မပြီးပြတ်သေးဟု အကြောင်းပြချက်ဖြင့် ဇန်နဝါရီ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်မှတ်တမ်းများအရ သိရသည်။

တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ ဦးစံမင်းအောင်က“ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျန်နေသေးလို့ အစည်းအဝေးကို ဇန်န၀ါရီ ၁၈ ရက်နေ့ကို ရွှေ့လိုက်တာပါ။ အဲ့ဒီနေ့ကျရင် သတ်မှတ်တဲ့အတိုင်း ဆက်လက်ကျင်းပမှာပါ”ဟု ပြောပြသည်။

ဆက်စပ်လုပ်ငန်းဆိုသည်မှာ မည်သည့်လုပ်ငန်းများဖြစ်သည်ကို မသိကြောင်း၊ အစည်းအဝေးကျင်းပမည့် နံနက် ၁၀ နာရီကျော်မှသာ ရွှေ့ဆိုင်းကြောင်းကြေညာခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်သည့် လွှတ်တော်ကျင်းပသည့် စရိတ်များ မလိုအပ်ပဲကုန်ကျခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြသည်။

R - 11



FOLLOW US