News

POST TAGGED AS

ဘုရားပွဲတော်

28-Mar-2018 tagged as ဘုရားပွဲတော်
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တောင်စေတီတွင် ဘုရားပွဲကျင်းပရာ မတ်လ ၂၆ ရက် ညနေ ၃ နာရီက သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာနေသူတို့ ရန်ဖြစ်ရာမှ ပွဲတော်ကို ရပ်ဆိုင်းလိုက်ရကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
နှစ်စဉ်တပေါင်းလအတွင်း ကျင်းပမြဲဖြစ်သည့် ရွှေတောင်မြို့အနီး ရွှေနတ်တောင်ဘုရားပွဲသို့ ရွှေတောင်မြို့အနီးဝန်းကျင် မြို့များ၊ ကျေးရွာများမှ ပေါင်းမိုးလှည်း ငါးထောင်ကျော် လာရောက်လေ့ရှိသော်လည်း လက်ရှိတွင် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ တိုးပွားလာမှုနှင့်အတူ လှည်းအစီးရေနှစ်ထောင်ကျော် သုံးထောင်ခန့်သာ လာရောက်ကြကြောင်း အဆိုပါ ဘုရားဂေါပကများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့နှင့် မိုင် ၂၀ အကွာတွင်ရှိပြီး နာမည်ကျော်ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့တွင် စတင် ကျင်းပမည်ဖြစ်ရာ မြေနေရာ အခက်အခဲကြောင့် တိုးချဲ့ချထားပေးနိုင်ခြင်းမရှိကြောင်း ရွှေစာရံဘုရားဂေါပကဥက္ကဋ္ဌ အဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ သမိုင်းဝင် သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲကို မတ်လ ၁ ရက် (တပေါင်းလပြည့်) နေ့ စတင်ကျင်းပမည်ဖြစ်ရာ လိုက်ပါလိုသူများကို အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိမ်ကိုးသိမ် ဘုရားဖူးပို့ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းက ပြောကြားသည်။
လောင်းလုံးမြို့နယ် နခံတောကျေးရွာရှိ ရပ်ခံတောင်စေတီတော် ဘုရားပွဲတွင် LED မီးလုံးရေ သန်းတစ်ရာဖြင့် အလှဆင်ထားသည့် မီးပွဲတော်တစ်ခု ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ရပ်ခံတောင်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး၊ မယ်ဟန်ကျေးရွာအုပ်စု ရှန်ခိုက်ကျေးရွာရှိ ဆုတောင်းပြည့်ပေါ်တော်မူ သီရိသျှီဝ ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲတော် ဖွင့်ပွဲကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်) တွင် ထီးတော်သစ် တင်လှူမည်ဖြစ်ကြောင်း ယင်းဘုရားပွဲတော် ကျင်းပရေးကော်မတီ ထံမှသိရသည်။
မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် မကွေးမြသလွန် ဘုရားပွဲတော်မှာ ယခင်နှစ်များကကဲ့သို့ အလွန် စည်ကားခြင်းမရှိဘဲ ဈေးဆိုင်များမှာလည်း ရောင်းအား သိသာစွာ ကျဆင်းနေကြောင်း ပွဲတော်ဈေးသို့ လာရောက် ရောင်းချနေသူ ၁၂ ပွဲ ဈေးသည်များက ပြောကြားသည်။