News

POST TAGGED AS

ဘုန်းကြီး

နေအိမ်ပေါ်တက် အရက်သောက်သည့် ဘုန်းကြီးကို ဓားနှင့်ထိုးသတ်
တောင်ငူ၊ ဇွန် ၂၄

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆတ်သေကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က အိမ်ပေါ်၌ အရက်သောက်စားနေသည့် ဘုန်းကြီးတစ်ပါးကို ယင်းအိမ်ရှင်၏ သားဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါကျေးရွာနေ ဦးကျော်မြင့် (၆၅ နှစ်)၏ နေအိမ်သို့ နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့ တောရကျောင်း တစ်ကျောင်းတွင် သီတင်းသုံးပြီး ယောက်ဖတော်စပ်သူ ဦးကုသလ (ခ) ဦးဝိုင်း (၇၂ နှစ်) ရောက်ရှိလာပြီး နေအိမ်အပေါ်ထပ်တွင် အရက် သောက်စားနေကြောင်း၊ ထိုသို့ ရဟန်းဝတ်ဖြင့် အရက်သောက်နေသည်ကို ကျွဲကျောင်းရာမှပြန်လာသည့် အိမ်ရှင်၏သားဖြစ်သူ ဦးကျော်ဌေး(၄၁ နှစ်)ကတားမြစ်ရာမှ စကားများ ရန်ဖြစ်စဉ် ဘုန်းကြီးက ဦးကျော်ဌေးကို လက်သီးဖြင့်ထိုးသဖြင့် ၎င်းက အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ကြောင်း၊ တရားခံ ကျော်ဌေးကို အခင်းဖြစ်ပြီး မကြာမီ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကျော်ဌေးကို သာဂရနယ်မြေရဲစခန်းက (ပ)၃၆ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US