News

POST TAGGED AS

ဘုန်းကြီးကျောင်း

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာတွင် ယနေ့ (မေလ ၁၇ ရက်) နံနက် ၅ နာရီခွဲခန့်က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် ရှေးဟောင်းဘုန်းတော်ကြီးတစ်ကျောင်း မီးလောင်ခဲ့ကြောင်း မုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာရှိ စန်းမြိုင်ကျောင်းတိုက်တွင် မတ်လ ၁ ရက်နေ့ညနေ ၃ နာခွဲခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ အနှစ် ၆၀ ကျော် သက်တမ်းရှိသော ဘုန်းကြီးကျောင်း မီးလောင်ပျက်ဆီး ဆုံးရှူံးခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ကံတက်ကုန်း မစိုးရိမ်ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လူဦးရေတစ်ထောင်နီးပါးဖြင့် ငလျင်ဘေးအန္တရာယ်အကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဘုရားကြီးလမ်းရှိ တောရကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် ခိုးမှုကျူးလွန်သည်ဟုဆိုသော အမျိုးသားတစ်ဦးကို ကြိုးတုပ်ပြီး သေဆုံးအောင် ရိုက်နှက်မှုဖြင့် ကမ္မဋ္ဌာန်းကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယအမျိုးသားတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တိဘက်ဒေသ လာဆာရှိ ဂျိုခန်းရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာဝင်များအကြား သြဇာလွှမ်းမိုးမှု ကြီးမားသည့် ဘုန်းတော်ကြီးတစ်ပါးအား ငွေကြေးခဝါချမှု ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ဘုန်းတော်ကြီး၏ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့သော်လည်း ဘုန်းတော်ကြီးကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကျူးကျော် ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်း၊ သီလရှင် ကျောင်းများ၏ စာရင်းကို သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ်များက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားရမည်