News

POST TAGGED AS

ဘုတလင်

29-Jul-2018

သေနတ် ဘုတလင်
ဘုတလင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
မုံရွာ၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာသွား လမ်းဘေးတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်က ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

ယင်းနေ့နံနက် ၆ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာနေ ဦးသီဟကျော်စွာ အသက် ၄၀ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူသည် ဆိုင်ကယ်အငှား လိုက်သွားရာမှ ဝက်ပုတ်ကျေးရွာသွားလမ်း၌ သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု ဘုတလင်ဆေးရုံအုပ်က အတည်ပြုထားပြီး ၉ မမ ကျည်ဆန်ခွံတစ်ခုလည်းတွေ့ရှိထားသည်ဟု အမှုစစ်က ပြောဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“မြို့ပေါ်မှာတောင် ဒီလိုဖြစ်နေရင် ပြည်သူတွေဘဝ ဘယ်လိုရပ်တည်ရမလဲ”ဟု သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်ရတနာဦးက ပြောဆိုသည်။

ယင်းနေ့က ဝက်ပုတ်ကျေးရွာသွား လမ်းဘေး၌ ဦးသီဟကျော်စွာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုသာ တွေ့ရှိရပြီး ၎င်းမောင်းနှင်သွားသည့် ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“ကယ်ရီလာခေါ်လိုက်သွားတာ သေနတ်နဲ့ပစ်ခံရလို့သေတယ်လို့ ရွာက ပြောနေကြပါတယ်”ဟု စိုင်ပြင်ကြီးရွာမှ ဦးဖိုးခိုက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘုတလင်မြို့မစခန်းတွင် အမှုကြီးအမှတ် ၅/၂၀၁၈ (ပ) ၁၁၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း ဘုတလင်မြို့မစခန်းထံမှ သိရသည်။ 

R-08
 



FOLLOW US