News

POST TAGGED AS

ဘားအံ

ပြောင်းလဲလာသော ရာသီဥတုနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် လက်တွေ့အသုံးချနိုင်ခြင်း အတွေ့အကြုံဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ဘားအံမြို့နယ်၊ တော်ဝင်ရတနာဟိုတယ်တွင် ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အတွင်း ဖောက်လုပ်နေသည့်လမ်းများအနက်မှ လမ်းအပိုင်းသုံးခုကို ယခုလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ဝါဆိုဦးဈေးဟောင်းမှ ပျံကျဈေးသည်များက အသစ်တည်ဆောက်ထားသော မဲဘောင်ဈေးသို့ တစ်လအတွင်း မပြောင်းရွှေ့ပါက အရေးယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောသည်။
10-Feb-2018 tagged as ဘားအံ
ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားငါးမျိုး၏ ယဉ်ကျေးမှုပဒေသာပြပွဲကို ပထမဆုံး အကြိမ်အဖြစ် ဘားအံမြို့ရှိ သီရိကွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။
ဘုရားသုံးဆူမြို့နယ် ကရင်စုရပ်ကွက် နှစ်သစ်ကူးကွင်းတွင် စိုက်ထူမည့် ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ရန်ကုန်မှ သယ်ဆောင်လာပြီးနောက် စိုက်ထူမည့် ဝင်းရေးဒေသသို့ ရောက်ချိန်တွင် နယ်မြေခံတပ်မတော်က တားမြစ်ခဲ့ကြောင်း စောဘဦးကြီးရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက် (ပြည်ထောင်စုနေ့) အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။
ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းချနေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိသူတို့ သွားရောက်ဖမ်းဆီးရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရသည်။
ခရီးသွားနေရာသစ်တစ်ခု ဖြစ်လာသည့် ကရင်ပြည်နယ်အတွင်းသို့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တတ်ခဲ့သည်ဟု ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
09-Jan-2018 tagged as ဘားအံ
အာရှလမ်းမကြီး စီမံကိန်းအတွက် ကျောက်တင်သွင်းခွင့်ရ ချစ်လင်းမြိုင်ကုမ္ပဏီမှ ကျောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဒေသခံများနှင့် ပဋိပက္ခဖြစ်နေပြီး ကျောက်ကားသွားသောလမ်းကို ဒေသခံများ ကျောက်တိုင်များဖြင့် ပိတ်ဆို့ထားသဖြင့် ၂ ရက်အတွင်း ပြန်ဖွင့်ပေးရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
06-Jan-2018 tagged as လူသေမှု ဘားအံ
မင်္ဂလာဆောင် မဏ္ဍပ်ဆောက်လုပ်ရန် မလွတ်ကင်းသော သံပိုက်ဖြင့်ပြုလုပ်ထားသည့် ယိုးဒယားဖုန်းလိုင်းတိုင်ကို နေရာရွှေ့ရာမှ ဖုန်းတိုင်ပြိုလဲပြီး လျှပ်စစ်ဓာတ်အားပေး ဆားဗစ်လိုင်းကြိုးပေါ်သို့ ပြုတ်ကျသဖြင့် သတို့သားလောင်းအပါအဝင် လူငါးဦး ဓာတ်လိုက်သေဆုံးခဲ့သည်။