News

POST TAGGED AS

ဘာသာရေး

မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ထိုရွာရှိ ဗလီတွင် ဝတ်ပြုခြင်းကို ဒေသအာဏာပိုင်အဖွဲ့အစည်းက လာရောက်တားမြစ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်အဖွဲ့ မောင်တောဒေသ၏ မြေပြင်အခြေအနေများကို သွားရောက်လေ့လာရန် မေလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။
သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှစ်ကျောင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အာဏာရပါတီသည် အစိုးရမှတစ်ဆင့် အုပ်ချုပ်ရေးအာဏာကိုရရှိထားရာ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခွင့်ရှိသည်။ လူအများလိုက်နာစေရန် အစိုးရမှတစ်ဆင့် ဖိအားပေး လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိသည်။ သို့ပါ၍ အမုန်းစကားများ မပြန့်ပွားစေရန် လုပ်ဆောင်ရာ၌ အဓိက တာဝန်အရှိဆုံးသူဖြစ်သည်။
မိတ္ထီလာမြို့၌ ဂေါပကနှင့်အုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းမရှိသည့် အဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာကိစ္စများ မပြုလုပ်ရန် မြို့နယ်အာဏာပိုင်အဖွဲ့က ဒေသန္တရအမိန့်ထုတ်ကာ တားမြစ် လိုက်သည်။
ဘာသာရေးအမုန်းပွားစေရန် ရည်ရွယ်သော ဆန္ဒပြလှုပ်ရှားမှုများကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် မကိုင်တွယ်သင့်ဘဲ သီးခြားဥပဒေတစ်ခုပြဋ္ဌာန်း၍ ကာကွယ်သင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၂၂၀ က အကြံပြုလိုက်သည်။