News

POST TAGGED AS

ဘာသာရေးခေါင်းဆောင်

ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်တောင်းခံ

နေပြည်တော်၊ ဇူလိုင် ၂၅

လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံပေါင်း ၃၂၀၀ ကျော်တောင်းခံခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံကို တိုးမြှင့်တောင်းခံခဲ့ရကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

ဇူလိုင် ၂၅ ရက်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် ကာကွယ်ရေး ဝန်ကြီးဌာန၏တောင်းခံငွေနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုးမြှင့်တောင်းခံရသည့် အကြောင်းမှာ ဧပြီလတွင် နိုင်ငံ့ဝန်ထမ်း လစာများကို တိုးမြှင့်လိုက်သောကြောင့် လိုအပ်ငွေမှာ ၁၂၇ ဒသမ ၅၁၇ ဘီလီယံဖြစ်သော်လည်း ကျန်အသုံးစရိတ်များကို လျော့နည်းတောင်းခံထားပြီး ၅၇ ဘီလီယံကျော်ကိုသာ တိုးမြှင့်တောင်းခံထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်းတင်ပြသည်။

ဘတ်ဂျက်ငွေ အများဆုံး တောင်းခံသည့် ဝန်ကြီးဌာနသုံးခုတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၃,၂၆၂,၈၅၅ ဒသမ ၆၂၇ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၅,၇၂၇,၁၈၂ ဒသမ ၆၃၀၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ၅,၅၅၁,၂၄၆ ဒသမ ဝ၃၂ အထိ အများဆုံး တောင်းခံခဲ့ကြပြီး ပညာရေး အသုံးစရိတ်ကို စတုတ္ထအများဆုံးအဖြစ် ကျပ်သန်းပေါင်း ၂,၁၇၆,၄၈၅ ဒသမ ၈၇၅ တောင်းခံထားသည်ကို တွေ့ရှိရသည်။

“ယခုတင်ပြထားတဲ့ အသုံးစရိတ်များဟာ အဆင့်ဆင့် စိစစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး မလွဲမသွေ သုံးစွဲရမည့် အသုံးစရိတ်များ ဖြစ်ပါသဖြင့် ပြည်ထောင်စု လွှတ်တော်ကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ရငွေမှာ ကျပ်ဘီလီယံ ၂၀၀၅၁ (ကျပ်သန်းပေါင်း ၂၀,၀၅၁,၄၉၆ ဒသမ ၁၅၇) ဖြစ်ပြီး သုံးငွေကျပ်ဘီလီယံ ၂၄,၉၅၄ (အထက်ဖော်ပြပါ ကျပ်သန်းပေါင်း ၂၄,၉၅၄,၆၁၅ ဒသမ ၉၉၇ ဖြစ်သောကြောင့် လိုငွေမှာ ကျပ်ဘီလီယံပေါင်း ၄၉၀၃ မှ ၂၀ ရာခိုင်နှုန်းခန့်အထိ ဗဟိုဘဏ်မှ ဖြည့်တင်းဆောင်ရွက်ရန် ရည်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန်ရငွေမှာ ၅၃ ဒသမ ၅၀၃ ဘီလီယံ၊ သာမန် အသုံးစရိတ် ၁၆၅၃ ဒသမ ၁၆၄ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၃၃၇ ဒဿမ ၃၉၈ ဘီလီယံဖြစ်ပြီး စုစုပေါင်း ၂၉၉၀ ဒသမ ၅၆၂ ဘီလီယံ သုံးစွဲခဲ့ပြီး၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်တွင် သာမန်ရငွေ ၆၂ ဒသမ ၈၆၉ ဘီလီယံ၊ သာမန်အသုံးစရိတ် ၁၇၆၅ ဒသမ ၉၄၁ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၂၇ ဒသမ ဝ၈၀ ဘီလီယံဖြစ်ပြီး စုစုပေါင်း ၃၁၉၂ ဒသမ ၉၅၁ ဘီလီယံ ဖြစ်သည်။

ဝန်ကြီးဌာနအနေနှင့် အသုံးစရိတ်များကို တိကျစွာ တောင်းခံထားပြီး စစ်ဆင်ရေး အသုံးစရိတ်ကိုလည်း ၅ ဘီလီယံကျော် ထည့်သွင်းတောင်းခံထားသည်ကို တွေ့ရသည်။

ယင်းဌာန၏ သာမန်ရငွေ ခန့်မှန်းခြေစာရင်းတွင် ၇၁ ဒသမ ၄၄၃ ဘီလီယံဟု ခန့်မှန်းလျာထားထားသည်။



FOLLOW US