News

POST TAGGED AS

ဘန်ကောက်

30-Nov-2017

ဘန်ကောက်
အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝမ် နှလုံးဖောက်၍ ကွယ်လွန်
ဘန်ကောက်၊ နိုဝင်ဘာ ၃၀

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့ဖူးသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာဆူရင်ပစ် ဆူဝမ် နိုဝင်ဘာလ ၃၀ ရက်က နှလုံး ဖောက်ဝေဒနာဖြင့် ဆေးရုံတွင် ကွယ်လွန် သွားပြီဖြစ်ကြောင်း ထိုင်း မီဒီယာများက ဖော်ပြထားသည်။

ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီဖြစ်ကာ ဇနီးနှင့် သားသမီး ၃ ဦး ကျန် ရစ်ခဲ့ကြောင်း The Nation သတင်းက ဖော်ပြထားသည်။

ဘန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ပြပွဲတွင် စကားပြောပေးခါနီးတွင် ဒေါက်တာဆူရင်တစ်ယောက် လဲကျသွားခဲ့ခြင်း ဖြစ်သည်။ 

ရမ်ခမ်ဟာအန်းဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားပြီဟု ဆေးရုံက အတည်ပြုပေးခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံတို့က ဒေါက်တာ ဆူရင်ပစ်ဆူဝမ်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေး မူဝါဒတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဟု Bangkok Post သတင်းစာက ရေးသားဖော်ပြထားသည်။

အာဆီယံအဖွဲ့ချုပ်၏ Twitter စာမျက်နှာတွင် “အတွင်းရေးမှူးချုပ် ဟောင်းဒေါက်တာဆူရင်ပစ်ဆူဝမ် ကွယ်လွန်သွားသည့်အတွက် ကျွန်ုပ်တို့ နက်ရှိုင်းစွာ ဝမ်းနည်းမိပါသည်။ ထိုင်းနိုင်ငံနှင့် အာဆီယံ အသိုက်အဝန်းအတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်”ဟု ရေးသားဖော်ပြထားသည်။ 

အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သော ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် ဟားဗတ်တက္ကသိုလ်နှင့် ကိုင်ရိုတက္ကသိုလ်ဆင်းတစ်ဦး ဖြစ်ပါသည်။             

F-02



FOLLOW US