News

POST TAGGED AS

ဘန်ကောက်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ ထိပ်ပိုင်းစစ်ဘက် ခေါင်းဆောင်များအား တရားစွဲဆိုရန် သင့်၊ မသင့်ဟူသည့်ကိစ္စအပေါ် အချေအတင်ဆွေးနွေးမည့် ဖိုရမ်တစ်ခုကို ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCC) တွင် တနင်္လာနေ့က ကျင်းပပြုလုပ်ရန် စီစဉ် ခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ကျင်းပခွင့်မပြုဘဲ ပိတ်ပင်တားမြစ်လိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။
05-Jul-2018 tagged as ဘန်ကောက်
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူကွန်ရက်အတွင်း ပိတ်မိနေသော ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့ နည်းပြဖြစ်သူထံ ဆက်သွယ်ရန် လာရောက်ရသော ရေငုပ်သမားများသည်ပင် အသွားအပြန်အချိန် ၁၁ နာရီခန့် ယူရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
ထိုင်းနိုင်ငံ ချောင်ဘူရီတွင် ခိုးသွင်းလာသော အမှိုက်များ တင်ဆောင်လာသည့် ကွန်တိန်နာကားများကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ပလတ်စတစ် စွန့်ပစ်အမှိုက်များကို ထိုင်းနိုင်ငံသို့ တင်သွင်း လာခြင်းဖြစ်သည်ဟု ဒုတိယရဲချုပ် ဝီရာချိုင်း ဆောင်မက်တာက ပြောကြားကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုများက အစိုးရရုံးရှိရာသို့ ချီတက်ဆန္ဒပြပြီးလာမည့် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးတောင်းဆိုရန် စီစဉ်ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအာဏာပိုင်များက အဟန့်အတားများချကာ ပိတ်ဆို့ခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
လိင်ပိုင်းဆိုင်ရာ သင်တန်းပေးသည့် ရုရှား ၁၀ ဦးကို ပင်လယ်ကမ်းခြေ ပတ္တရားမြို့တွင် ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်း မြိတ်မြို့နှင့် ဘန်ကောက်မြို့ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို ပူးပေါင်းပြေးဆွဲရန် ထိုင်းနိုင်ငံအခြေစိုက် New Gen Airline နှင့် Tun Htaik Tin ကုမ္ပဏီတို့အား ဖေဖော်ဝါရီလက ခွင့်ပြုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံ အစိုးရဌာနအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်၌ e-Documents စနစ်များကို အသုံးချပြီး e-Government စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ထိုင်းတရားရုံးတစ်ခုက လူလိမ်တစ်ဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃,၀၀၀ ကျော် ချမှတ်လိုက်သည်ဟု BBV သတင်းတွင် ဖော်ပြထားသည်။
30-Nov-2017 tagged as ဘန်ကောက်
အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့ဖူးသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာဆူရင်ပစ် ဆူဝမ် နိုဝင်ဘာလ ၃၀ ရက်က နှလုံး ဖောက်ဝေဒနာဖြင့် ဆေးရုံတွင် ကွယ်လွန် သွားပြီဖြစ်ကြောင်း ထိုင်း မီဒီယာများက ဖော်ပြထားသည်။
လူကို လူလိုဆက်ဆံပြီး နိုင်ငံတွေ၊ အသားအရောင်တွေပေါ် ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကတော့ နိုင်ငံတကာ အဆင့်မီ သုဝဏ္ဏဘုမိ မဟုတ်ဘဲ ကွင်းဟောင်း ဒေါင်း မောင်းကနေ ထွက်ခွာရမှာတဲ့။ ပိုတောင်ကောင်းသေး။ စာအုပ်အတုကိုင်ပြီး နော်ဝေကို ထွက်ခါစနှစ်တွေက မကြာခဏ အရစ်ခံရဖူးတာကိုတောင် ပြန်လွမ်းမိပါရဲ့။