News

POST TAGGED AS

ဘတ်စ်ကား

ကာဇန်စတန်တွင် ဘတ်စ်ကားမီးလောင်၊ ခရီးသည် ၅၂ ဦး သေဆုံး
ကာဇက်စတန်၊ ဇန်နဝါရီ ၁၈

ကာဇက်စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ ကားပေါ်လိုက်ပါလာသူ ၅၂ ဦး သေဆုံးသွားသည်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မီးလောင်မှုဖြစ်လျှင်ဖြစ်ချင်း လူငါးဦးမှာ ဘတ်စကားထဲမှ ထွက်နိုင်ခဲ့ပြီး ၎င်းတို့ကို အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများက ကုသပေးနိုင်ခဲ့သည်။ 

အဆိုပါ ဘတ်စ်ကားသည် ဥဇဘက် ကစ္စတန်နိုင်ငံသားများကို တင်ဆောင်လာခြင်းဖြစ်ပြီး ရုရှားဘက်သို့ မောင်းနှင်နေစဉ် ဆာမာရာ-ရှိုင်မာကန့်လမ်းမပေါ်၌ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ဆိုသည်။ 

ကီလိုမီတာ ၂၂၀၀ ရှည်လျားသည့် အဆိုပါလမ်းမကြီးကို ဥဇဘက်ရွှေ့ပြောင်း အခြေချအလုပ်သမားများ ရုရှားဘက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ဘက်သို့ သွားရောက်ရာ၌ အဓိကအသုံးပြုသည်ဟု ဒေသခံများက ဆိုသည်။ 

အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနအဆိုအရ ယင်းဘတ်စကားပေါ်တွင် ခရီးသည် ၅၅ ဦးနှင့် ဒရိုင်ဘာနှစ်ဦးလိုက် ပါလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ခရီးသည်ငါးဦးကတော့ ဆေးကုသမှု ခံယူနေပါတယ်။ ကျန်တဲ့သူတွေအားလုံး သေဆုံးသွားပါတယ်”ဟု အဆိုပါဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ဘတ်စ်ကားမီးလောင်ကျွမ်းရသည်ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

F-01



FOLLOW US