News

POST TAGGED AS

ဘဏ်

ကမ္ဘောဇဘဏ်ခွဲ (KBZ) တွင် ဘဏ်စာရင်းဖွင့်ထားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အကောင့်ကို Hack (ဖောက်ထွင်းဝင်ရောက်) ၍ မှတ်ပုံတင်အတုဖြင့် ငွေများထုတ်ယူသွားသော နိုင်ဂျီးရီးယား နိုင်ငံသားအပါအဝင် သုံးဦးကို ရာဇသတ်ကြီး ပုဒ်မသုံးခုဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
25-Jun-2018 tagged as ဘဏ် MPU
ဘဏ်အမျိုးအစားမတူသည့် MPU ကတ်အချင်းချင်း စာရင်းလွှဲပြောင်းနိုင်မည့်စနစ်ကို ပုဂ္ဂလိကဘဏ် သုံးခုခန့်က စတင်စမ်းသပ်နေပြီဖြစ်ကြောင်း Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။
အခွန်ထမ်းဆောင်သူများ အချိန်ကုန် သက်သာစေရန်အတွက် မိုဘိုင်းလ်ဖုန်းများရှိ Mobile Banking နှင့် ကွန်ပျူတာအင်တာနက် iBanking အကောင့်များမှတစ်ဆင့် မည်သည့်ဘဏ်မှမဆို အခွန်ပေးဆောင်ခြင်းကို ဇူလိုင်လတွင် စတင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောကြားသည်။
ချေးငွေအတိုးပေးရန် ပျက်ကွက်မှုအပေါ် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်နှစ်ခုက ယခုလမှစ၍ ဒဏ်ကြေးများကောက်ခံရန် ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
08-May-2018 tagged as ဘဏ် CHDB
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အစိုးရအိမ်ရာစီမံကိန်းများအပြင် ပုဂ္ဂလိကကန်ထရိုက်များအတွက်ပါ ချေးငွေများ ထုတ်ချေးပေးထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
06-May-2018 tagged as ရန်ကုန် ဘဏ်
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က နိုင်ငံတကာနည်းပညာကုမ္ပဏီ VISA နှင့် ပူးပေါင်းကာ MAB VISA အကြွေးဝယ်ကတ် (Credit Card) ကို စတင်ထုတ်လုပ်လိုက်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
01-May-2018 tagged as ချေးငွေ ဘဏ်
ပုဂ္ဂလိကဘဏ်များ နှစ်ရှည်ချေးငွေ ထုတ်ချေးခွင့်ကို ဗဟိုဘဏ်က ယခုနှစ် နှစ်စပိုင်းမှစတင်၍ ခွင့်ပြုလိုက်မှုကြောင့် အိမ်ရာဝယ်ယူမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
ဘဏ်များထံမှ ငွေချေးမည့်သူ၏ နောက်ခံသတင်းအချက်အလက် စုဆောင်းထားသည့် ဒေတာစင်တာ (ခရက်ဒစ်ဗျူရို) လုပ်ငန်းလိုင်စင်ကို တစ်လအတွင်း ချထားပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းမည်မဟုတ်၊ နိုင်ငံကို ကြွေးနွံတွင်းသို့ မောင်းသွင်းမည်မဟုတ်ဟု ကတိပြုလိုက်ပြီး စိုးရိမ်စိတ်ဝင်နေသည့် ဘဏ်လုပ်ငန်းရှင်များကို မက္ကဆီကို လက်ဝဲယိမ်း သမ္မတလောင်း အန်ဒရတ်မန်နျူယန်လိုပတ် အိုဘရာဒါက အာမခံလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လှော်ကားလမ်းတွင် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီက ဘဏ်မှထုတ်ယူလာသည့် ဝန်ထမ်းလစာငွေများကို ဆိုင်ကယ်ပေါ်မှ အမည်မသိ အမျိုးသားနှစ်ဦး ဆွဲလုယူ ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။